Home
မြန်မာသတင်း
တိုင်းရင်းသားအရာရှိဗိုလ်လောင်းများ ကျဆုံးခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်
နော်နိုရင်း
·
November 19, 2018
ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) အရာရှိဗိုလ်လောင်းသင်တန်းကျောင်း ပစ်ခတ်တိုက်ခိုက်ခံရခြင်း ၄ နှစ်ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားတွေ ပြည်တွင်းနဲ့ ပြည်ပနိုင်ငံတွေမှာ အသီးသီးပြုလုပ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ခု နိုဝင်ဘာ ၁၉ ရက်က ကေအိုင်အေ ဌာနချုပ်  လိုင်ဇာအရှေ့ဘက် ဝေကြိုင်ဘွမ်မှာရှိတဲ့ ကေအိုင်အေရဲ့ အရာရှိ ဗိုလ်သင်တန်းကျောင်းကို  ကချင်ပြည်နယ် ခရာဘွမ် အခြေစိုက် တပ်မတော် ခြေမြန်တပ်ရင်း ၃၈၉က ပစ်ခတ်ခဲ့တဲ့အတွက် သင်တန်းသား ၂၃ ဦး ကျဆုံးပြီး ၂၀ ဒဏ်ရာရရှိခဲ့တာပါ။ ကျဆုံးသွားသူတွေထဲမှာ တအာင်း/ ပလောင် (TNLA)၊ ရခိုင် (AA) ၊ (ABSDF) အဖွဲ့တွေက စေလွှတ်ထားတဲ့ ဗိုလ်လောင်း သင်တန်းသားတွေလည်း ပါဝင်ခဲ့ကြပါတယ်။ အခုလို အငိုက်ဖမ်းတိုက်ခိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဗိုလ်လောင်းတွေကို သက်ဆိုင်ရာ တိုင်းရင်းသားမဟာမိတ် အဖွဲ့အစည်းတွေအနေနဲ့ ဘယ်အခါမျှ မေ့ပျောက်မှာ မဟုတ်ဘူးလို့ ရက္ခိုင့်တပ်မတော်က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဒီလုပ်ရပ်အတွက် ထိုက်တန်တဲ့ တုံ့ပြန်မှုတွေကိုလည်း ဆက်လက်လုပ် ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ကျဆုံးသွားတဲ့ ဗိုလ်လောင်းသင်တန်းသားတွေထဲမှာ ရက္ခိုင့်တပ်မတော်က ၈ ဦး ပါဝင် သွားခဲ့တာဖြစ်ပြီး ဒီကနေ့ သူတို့အတွက် အောက်မေ့ဖွယ် အခမ်းအနားတွေကို မလေးရှား၊ ထိုင်း၊ အမေရိကန်နဲ့ မြန်မာနိုင်ငံထဲက ရက္ခိုင့်တပ်မတော် အခြေစိုက်စခန်းမှာ ကျင်းပပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ နိုဝင်ဘာ ၁၉ ရက်မွန်းလွဲ  ၁၂ နာရီခွဲလောက်က ခရာဘွမ်အခြေစိုက် ခမရ ၃၈၉ ကနေပြီးတော့ ဗိုလ်သင်တန်းကျောင်းကို ပစ်ခတ်မှုကြောင့် စစ်ရေးပြကွင်းမှာ လေ့ကျင့်နေတဲ့ သင်တန်းသားတွေ ထိမှန်သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024