အစိုးရအဖွဲ့ကို ဖြုတ်မချရန် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု တိုက်တွန်း

ဓာတ်ပုံ - Reuters
1.7K
အစ္စရေးအစိုးရအဖွဲ့ကို ဖြုတ်မချဖို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက သူ့ရဲ့ ညွန့်ပေါင်းအစိုးရ မိတ်ဘက်ပါတီတွေကို နိုဝင်ဘာ ၁၈ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
အနာဂတ်မှာ အစ္စရေးရဲ့ ရန်သူတွေအပေါ် စစ်ရေးအရ အရေးယူမယ့် အရိပ်အမြွက် မတိုင်ခင် လုံခြုံရေး စိန်ခေါ်မှုတွေကိုလည်း ကိုးကား ပြောဆိုပါတယ်။
လက်ယာယိမ်း လစ်ကတ်ပါတီရဲ့ အကြီးအကဲ နေတန်ယာဟုဟာ ကာကွယ်ရေးဝန်ကြီး နုတ်ထွက်အပြီး အားပျော့သွားတဲ့ သူ့အစိုးရ မပြိုလဲအောင် အားကုန်ထုတ်သုံးနေတာပါ။
နိုဝင်ဘာလို့ စီစဉ်ထားပေမယ့် မတ်လမှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်နိုင်တယ်လို့ နိုင်ငံရေး သုခမိန်တွေက ဟောကိန်းထုတ်ထားပါတယ်။
"ညွန့်ပေါင်းခေါင်းဆောင် အားလုံးနဲ့ စကားပြောပြီးပါပြီ။ ဒီအချိန်ဟာ တာဝန်ယူမှုကို ပြရမယ့် အချိန်ပါလို့ ကျနော် သူတို့ကို ပြောခဲ့တယ်။ အစိုးရကို ဖြုတ်မချပါနဲ့၊ အထူးသဖြင့် ခုလို လုံခြုံရေး အကဲဆတ်တဲ့အချိန်မှာ မလုပ်ပါနဲ့" လို့ နေတန်ယာဟုက ပြောပါတယ်။
ဂါဇာကမ်းမြောင်က ပါလက်စတိုင်း စစ်သွေးကြွတွေနဲ့ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှု အတွင်း အစ္စရေးအစိုးရက သက်ညှာတဲ့ မူဝါဒကို ချမှတ်ခဲ့လို့ ရာထူးက နုတ်ထွက်တယ်လို့ ကာကွယ်ရေးဝန်ကြီး လစ်ဘာမန်းက ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။ ဒါကြောင့် နေတန်ယာဟုရဲ့ ညွန့်ပေါင်းအဖွဲ့ ကံကြမ္မာဟာ သူ့မိတ်ဘက်တွေရဲ့ သက်ညှာမှုအပေါ် လုံးဝ မှီခိုနေရပါတယ်။
အစ္စရေးရဲ့ လေးကြိမ်ဆက်တိုက်ဝန်ကြီးချုပ် နေတန်ယာဟုကို ဂါဇာအရေးနဲ့ ပတ်သက်ပြီး လူကြိုက်များမှုလည်း ရှားရှားပါးပါး ထိခိုက်ခဲ့တယ်လို့ ထင်မြင်ချက် စစ်တမ်းတွေက ဆိုပါတယ်။