A d v e r t i s e m e n t With Us

အခြေခံပညာကျောင်းများတွင် ရေအိမ်သာ ရာနှုန်းပြည့် အသုံးမပြုနိုင်သေး

မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းတွေမှာ ရေအိမ်သာလုံလောက်မှု ရာနှုန်းပြည့်မီအောင် ဆောင်ရွက်နေပေမယ့် လက်ရှိမှာ ၆၅ ရာခိုင်နှုန်းသာ ပြည့်မှီသေးတယ်လို့ ပညာရေးဝန်ကြီးက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၁၉ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ မှာ ကျင်းပတဲ့ ကမ္ဘာ့ရေအိမ်များနေ့ အခမ်းအနားမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသွားတာပါ။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်တွေမှာတော့ ကမ္ဘာ့ပေါ်က လူဦးရေ ၄ ဒသမ ၅ ဘီလီယံလောက်ဟာ ရေအိမ်သုံးစွဲနိုင်မှုမရှိသေးဘူးလို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ နဲ့ ယင်လုံအိမ်သာ အသုံးပြုတဲ့ အိမ်ထောင်စုလူဦးရေဟာ ၇၂ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး နိုင်ငံလူဦးရေရဲ့ လေးပုံတစ်ပုံကတော့ ရေအိမ်သာသုံးစွဲဖို့ လိုအပ်နေတယ်လို့လဲ သိရပါတယ်။ လက်ရှိ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အခြေခံပညာကျောင်းတွေမှာ ကျောင်းသားကျောင်းသူ ၅၀ ဦးမှာ အိမ်သာ ၁လုံးနှုန်းသာ သုံးစွဲနေရတယ်လို့ ဆိုပါတယ်။ ဒီနှစ် ကျင်းပတဲ့ ကမ္ဘာ့ရေအိမ်များနေ့ ဆောင်ပုဒ်ကတော့ ‘သဘာဝတရားလှပဖို့ ရေအိမ်သာ ဆောက်လုပ်သုံးကြပါစို့’ ပဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up