ဂန့်ဂေါခရိုင်တွင် အင်အားအသင့်အတင့်ရှိ မြေငလျင်လှုပ်
DVB
·
November 19, 2018
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ အနီး အရှေ့တောင်ဘက် ၄ မိုင်အကွာမှာ အင်အားရစ်ခ်ျတာစကေး ၅.၀ အဆင့်ရှိ မြေငလျင်တခု ဒီမနက် လှုပ်ခတ်သွားတယ်လို့ မိုးဇလ ဌာနက ထုတ်ပြန်ပါတယ်။
ဒီကနေ့မနက် မြန်မာစံတော်ချိန် ၁၀ နာရီ၊ ၃၇ မိနစ်၊ ၅၃ စက္ကန့် အချိန်၊ မြန်မာပြည်တွင်း ကျောက်ထုမြို့ရဲ့ အရှေ့တောင်ဘက် ၄မိုင်ခန့်အကွာ အနက် ၃၈ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိ ငလျင် လှုပ်ခတ်သွားတာလို့ ထုတ်ပြန်ထားပါတယ်။