Home
အနုပညာ
ဟောလိဝုဒ်ရုပ်ရှင်တွင် ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်မည့်  မြန်မာအလှမယ် မေမြတ်နိုး
မြတ်နိုးအောင်
·
November 19, 2018
မြန်မာအလှမယ် မေမြတ်နိုးဟာ ဟောလိဝုဒ်ရုပ်ရှင်ကားတကားဖြစ်တဲ့ Invincible ရုပ်ရှင်ကားမှာ ခေါင်းဆောင်မင်းသမီးတဦးအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ဒီကားကို ထိုင်းရုပ်ရှင်ထုတ်လုပ်ရေးတခုက စီစဉ်ပြီး အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Deniel Zirilli က ရိုက်ကူးမှာဖြစ်ပါတယ်။ အက်ရှင်ဒရာမာအမျိုးအစား ရုပ်ရှင်ဖြစ်တဲ့ ဒီရုပ်ရှင်ကားအတွက် သရုပ်ဆောင်မင်း သမီးသစ်ခေါ်ယူမှုကို ပြီးခဲ့တဲ့ လပိုင်းလောက်က ပြုလုပ်ခဲ့ပြီး မေမြတ်နိုးက သွားရောက် အရွေးချယ်ခံခဲ့တာ ဖြစ်ပါတယ်။     မေမြတ်နိုးဟာ ၂၀၁၄ ခုနှစ်အတွက် Miss Asia Pacific World အလှမယ်ဆုရှင် ဖြစ်သလို Asia’s Next Top Model ရဲ့ ပြိုင်ပွဲဝင်ဟောင်း တဦးလည်း ဖြစ်ပါတယ်။ Invincible ရုပ်ရှင်ကားရဲ့ ဇာတ်လမ်းဇာတ်ကွက်အရ ထိုင်းနိုင်ငံမှာ ရိုက်ကူးမှာဖြစ် ပြီး လက်ရှိမှာတော့ ရိုက်ကူးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ မေမြတ်နိုးဟာ ဟောလိဝုဒ်နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် မင်းသားတွေဖြစ်ကြတဲ့ Fast & Furious 1 မှာ Leon အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Johnny Strong ၊ ချီလီစတန့်သရုပ်ဆောင်မင်းသား Marko Zaror တို့နဲ့အတူ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024