A d v e r t i s e m e n t With Us

ရွှေ့ပြောင်းနေထိုင်သူများ အစုလိုက်ရောက်လာမှု မက္ကဆီကိုနယ်စပ်တွင် ဒေသခံများ ဆန္ဒပြ

ဓာတ်ပုံ - GUILLERMO ARIAS/Agence France-Presse/GETTY IMAGES
မက္ကဆီကို-အမေရိကန် နယ်စပ်မြို့ မက္ကဆီကို နိုင်ငံဘက်ခြမ်းက တီဟွာနာမြို့မှာ ရာနဲ့ချီတဲ့ ဒေသခံတွေ နိုဝင်ဘာ ၁၈ ရက်က လမ်းပေါ်ထွက် ဆန္ဒပြကြပါတယ်။ အလယ်အမေရိက ရွှေ့ပြောင်းနေထိုင်သူတွေ အစုလိုက် ရောက်လာပြီး အမေရိကန်နိုင်ငံထဲမှာ ခိုလှုံခွင့်တောင်းခံဖို့ စောင့်နေလို့ သူတို့ရောက်လာတာကို ဒေသခံတွေက ဆန့်ကျင်ဆန္ဒပြတာပါ။ အလံတွေ စာတမ်းတွေ ကိုင်ဆောင်ရင်း ကြွေးကြော်သံတွေ ဟစ်ကြွေးရင်း မက္ကဆီကိုနိုင်ငံထဲက လူအုပ်တွေ ထွက်သွားဖို့ တောင်းဆိုပါတယ်။ မက္ကဆီကို ဥပဒေတွေကို ချိုးဖောက်ပြီး မလုံခြုံမှုကို ဖန်တီးတယ်လို့လည်း သူတို့ကို စွပ်စွဲပါတယ်။ အမေရိကန်နိုင်ငံဘက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် စန်တီယေဂိုက ဒေသခံတချို့လည်း ဆန္ဒပြပွဲကို လာရောက် ပူးပေါင်းပါတယ်။ သူတို့ဟာ ကျူးကျော်သူတွေပဲ၊ နိုင်ငံထဲက ထွက်သွားလို့လည်း ဆန္ဒပြသူတွေက အော်ဟစ်ခဲ့ပါတယ်။ တီဟွာနာမြို့ကို ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ခိုလှုံရေးဂေဟာတွေမှာ ပြည့်နေပြီး လူအများအပြားက လမ်းတွေပေါ်မှာ အိပ်စက်နေရတာပါ။ သူတို့ကို အမေရိကန်နိုင်ငံအတွင်း ခိုလှုံခွင့် လျှောက်ထားနေချိန် အတောအတွင်း လိုအပ်တဲ့ လူသားချင်းစာနာမှု အထောက်အပံ့ပေးဖို့ ပြည်ထောင်စုအစိုးရက ပံ့ပိုးရေး ပြည်နယ်အစိုးရက တောင်းဆိုထားပါတယ်။ ရွှေ့ပြောင်းနေထိုင်သူ အယောက်တသောင်းလောက်ထိ ရောက်လာနိုင်တယ်လို့ တီဟွာနာ မြို့တော်ဝန်က နိုဝင်ဘာ ၁၆ ရက်မှာ ခန့်မှန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up