ဗိုလ်တထောင် Sports Bar တွင် မီးလောင်
DVB
·
November 19, 2018
ဗိုလ်တထောင်မြို့နယ်တွင်းက စင်တင်တေးဂီတတခုဖြစ်တဲ့ Sports Bar စင်တင်ဆိုင်မှာ နိုဝင်ဘာ ၁၈ ရက်နေ့ ည ၁၀ နာရီလောက်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
ကီးဘုတ်ဘေးက လျပ်စစ်ဝါယာလျော့ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ မီးလောင်မှုကို level 2 သတ်မှတ်ထားပြီ မီးသတ်ယာဉ် ၃၀၊ အုပ်ချုပ်ရေးမှူးယဉ် ၆ စီးနဲ့ လာရောက်မီးငြှိမ်းသတ်ခဲ့ပါတယ်။
ဦးစီးအရာရှိတယောက်၊ လက်ဖျံရိုး ဒဏ်ရာရရှိသူတယောက်ကလွဲပြီး ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ သိရပါတယ်။
မီးလောင်ဆုံးရှုံးမှုတန်ဖိုးကတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့ထံက သိရပါတယ်။
မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ Sports Bar ကို မြို့တော်ဝန် ဦးမောင်မောင်စိုးလည်း လာရောက်ကြည့်ရှုခဲ့ပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ခိုင်ပန်းနု