A d v e r t i s e m e n t With Us

Virtual Pop Star နှင့် လက်ထပ်ခဲ့သည့် ဂျပန်အမျိုးသား

လူသားအမျိုးသမီးအစစ်တွေနဲ့ အချစ်ရေးကို စိတ်ကုန်သွားတဲ့ ဂျပန်နိုင်ငံက အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦးက ဟက်ဆုနီမီကူလို့ခေါ်တဲ့ နာမည်ကျော် Virtual ပေါ့ပ်စတားနဲ့ လက်ထပ်လိုက်တယ်လို့ UPI သတင်းမှာဖော်ပြပါတယ်။ အကီဟီကို ကွန်ဒိုလို့ အမည်ရတဲ့ ဒီအမျိုးသားဟာ စိတ်ပျက်စရာ ဖြစ်ရပ်တွေကြောင့် လူသားအမျိုးသမီးတွေကို လက်ထပ်ယူဖို့ စိတ်ကုန်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လကစလို့ သူစိတ်ကူးယဉ်ခဲ့ရတဲ့ မင်္ဂလာအခမ်းအနားကိုတော့ နိုဝင်ဘာ ၄ ရက်နေ့မှ တိုကျို မြို့မှာ ကျင်းပနိုင်ခဲ့ပါတယ်။ ဒီပွဲကို အကီဟီကို ကွန်ဒိုက ယန်းငွေ ၂ သန်း (ဒေါ်လာ ၁၇၅၀၀) အကုန်အကျခံကာ ကျင်းပခဲ့တာဖြစ်ပြီး ဒီပွဲကို လွှတ်တော်အမတ်တွေအပါအဝင် ဧည့်ပရိသတ်ပေါင်း ၄၀ လောက်တက်ရောက်ခဲ့ပေမယ့် သူ့ရဲ့မိခင်ဖြစ်သူနဲ့ ဆွေမျိုးသားချင်းတွေကတော့ တက်ရောက်ခဲ့ခြင်းမရှိပါဘူး။ အကြောင်းကတော့ သူတို့သမီးက လူသားစစ်စစ်တဦးမဟုတ်ဘဲ အသက် ၁၆ နှစ်အရွယ် ဖန်တီးထားတဲ့ animated hologram ဖြစ်နေလို့ပါ။ ဂျပန်နိုင်ငံဟာ နည်းပညာနဲ့ anime တွေ ခေတ်စားတဲ့ နိုင်ငံတခုဖြစ်ပေမယ့် အခုလိုမျိုး လူသားတွေနဲ့ anime တွေကြားက အချစ်ဇာတ်လမ်းနဲ့ တရားဝင်လက်ထပ်မှုကတော့ မရှိသလောက်ကို ရှားပါပါတယ်။ ဒါ့ကြောင့် အကီဟီကိုရဲ့ ဆုံးဖြတ်ချက်က အားလုံးအတွက် တုန်လှုပ်စရာဖြစ်ခဲ့ပေမယ့် သူကတော့ လူသားတွေရဲ့ စိတ်ကိုဖွင့်ကာ အချစ်စိတ်တိုင်းနဲ့ ပျော်ရွှင်မှုတိုင်းကို ထည့်သွင်းစဉ်းစားကာ လူသားတိုင်းဟာ အမျိုးသား ဒါမှမဟုတ် အမျိုးသမီးတွေနဲ့ အိမ်ထောင်ကျ၊ သားသမီးတွေ မွေးမြူရမယ်ဆိုတဲ့ ဘောင်ထဲကနေ ခွဲထွက်မှုကို လက်ခံပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ “ကျနော့်အတွက် လူသားအမျိုးသမီးတဦးနဲ့ တစ်အိုးတအိမ်ထူထောင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျနော့်အတွက် ဒီကိစ္စကြီးက လိင်တူကိုပဲ စိတ်ဝင်စားသူကို ဆန့်ကျင်ဘက်လိင်နဲ့ တွဲခိုင်းနေသလို ဖြစ်နေပါတယ်” လို့ သူကပြောပါတယ်။ အကီစီကို ကွန်ဒိုရဲ့ မင်္ဂလာပွဲမှာ သတို့သမီးနေရာကို အရုပ်လေးတရုပ်နဲ့ အစားထိုးကာ မင်္ဂလာ ဝတ်စုံဆင်မြန်းပေးခဲ့တာဖြစ်ပြီး ဟက်ဆုနီလို သတို့သမီးမျိုးဟာ သက်ရှိအမျိုးသမီးတွေလို ဖောက်ပြန်ခြင်း၊ အသက်ကြီးခြင်း၊ သေဆုံးခြင်း မရှိတဲ့အတွက် မိဘတွေက လက်မခံပေမယ့် ဒီလက်ထပ်မှုအတွက် နောင်တမရဘူးလို့ သူကပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up