မန်ယူနောက်ခံလူ အဲရစ်ဘိုင်လီကို စိတ်ဝင်စားသည့်အသင်းများထဲ ပီအက်စ်ဂျီ ပါဝင်

2.1K
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူ အဲရစ်ဘိုင်လီကို စိတ်ဝင်စားတဲ့ အသင်းတွေထဲမှာ ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီအသင်းလည်း ပါဝင်လာပါတယ်။
လန်ဒန်မြို့ခံနှစ်သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးအသင်းတို့ဟာ ဘိုင်လီကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေကြပြီး တသင်းသင်းကို ပြောင်းရွှေ့နိုင်ဖို့ ကစားသမားကလည်း စိတ်အားထက်သန် နေပါတယ်။
အဆိုပါ အသက် ၂၄ နှစ်အရွယ်ရှိ အိုင်ဗရီကိုစ့် ဗဟိုခံစစ်မှူးဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဒဏ်ရာရရှိခဲ့ပြီးနောက် ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်နေရသူလည်း ဖြစ်ပါတယ်။
နည်းပြ မော်ရင်ဟိုကလည်း ဗဟိုခံစစ်မှူးတဦး ထပ်မံခေါ်ယူဖို့ မျှော်လင့်နေတာကလည်း ဘိုင်လီကို အသင်းကနေထွက်ခွာဖို့ အကြောင်းအရာတခု ဖြစ်လာဖွယ်ရှိနေပါတယ်။
အသင်းရဲ့ အဓိကကစားသမားတဦးဖြစ်တဲ့ ပေါ့ဘာဟာလည်း ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းက ရောင်းထုတ်လိုခြင်း လုံးဝမရှိဘူးလို့ သိရပါတယ်။
ပေါ့ဘာဟာ ပြီးခဲ့တဲ့ရက်က ဒူဘိုင်းမှာ ရှိနေစဉ် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနဲ့တွေ့ဆုံခဲ့တဲ့ သတင်းတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။