A d v e r t i s e m e n t With Us

သဘာဝပတ်ဝန်းကျင်အရေး ဆန္ဒပြသူ ၇၀ ကျော်ကို ဗြိတိန်ရဲ ဖမ်းဆီး

သဘာဝပတ်ဝန်းကျင်အရေး ဆန္ဒပြပွဲက လူ အယောက် ၇၀ ကျော်ကို ဖမ်းထားတယ်လို့ ဗြိတိန်ရဲတွေက နိုဝင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့လယ်က သိမ်းစ်မြစ်ကို ဖြတ်ကူးတဲ့ တံတားငါးစင်းကို ဆန္ဒပြသူတွေက ပိတ်ဆို့ထားခဲ့တာကြောင့် အဖမ်းခံရတာလို့ ရဲက ပြောပါတယ်။ သူတို့ကို တရားစွဲသလားဆိုတာတော့ မသိရသေးပါဘူး။ ဝက်စ်မင်စတာမြို့နားမှာ ရာနဲ့ချီတဲ့ လူတွေက ရာသီဥတု ဖျက်ဆီးမှု ရပ်တန့်ပေး၊ ရုပ်ကြွင်းလောင်စာတွေ ခေတ်ကုန်ပြီ  စတဲ့ စာသားတွေ ရေးထားတဲ့ စာတမ်းတွေကို ကိုင်ဆောင် ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြပွဲကို စီစဉ်သူတွေကတော့ ရာသီဥတု ပြောင်းလဲမှုကို နှေးအောင် လုပ်ဖို့နဲ့ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၂၀၂၅ မှာ အဆုံးသတ်ရေး ဗြိတိန်အစိုးရကို ဖိအားပေးချင်တာလို့ ပြောပါတယ်။ ဝက်စ်မင်စတာ တံတားနားမှာ နာရီအတော်များများ ဆန္ဒပြခဲ့ပြီး ကျန်တံတားလေးစင်းမှာပါ ယာဉ်ကြောပိတ်ဆို့ခဲ့တာပါ။ ဆန္ဒပြပွဲမှာ လူအယောက် ၆ ထောင်ကျော် ပါဝင်ခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up