Home
မြန်မာသတင်း
၁ နှစ်ကျော်ကြာ ပျောက်ဆုံးပြီး ပြန်တွေ့ခဲ့သည့် အာဂျင်တီးနား ရေငုပ်သင်္ဘော၏ဓာတ်ပုံ ပြသ
DVB
·
November 18, 2018
လွန်ခဲ့တဲ့ တနှစ်က အတ္တလန္တိတ် ကမ်းရိုးတန်းမှာ ပျောက်သွားတဲ့ ရေငုပ်သင်္ဘောရဲ့ ဓာတ်ပုံကို အာဂျင်တီးနား ကာကွယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၁၇ ရက်မှာ ပြသလိုက်ပါတယ်။ ဗျူးနော့စ်အေးရီးစ် မြို့တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ခုလို ထုတ်ပြတာပါ။ ရေအောက်ဓာတ်ပုံတွေထဲမှာ ရေငုပ်သင်္ဘော ကိုယ်ထည် ပန်ကာဒလက်နဲ့ အစိတ်အပိုင်း တွေကို မြင်နေရပါတယ်။ အတွင်းဘက်ကို ပြိုဆင်းပျက်စီးခဲ့တဲ့ ရေငုပ်သင်္ဘောကို ရှာတွ့ပြီလို့ သတင်းကြားခဲ့တာကြောင့် ရေငုပ်သင်္ဘော ဝန်ထမ်းတွေရဲ့ ဆွေမျိုးတွေ ယူကျုံးမရ ဝမ်းနည်းခဲ့တာပါ။ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို အားပေးကြောင်း ပြဖို့ မာဒယ်လ် ပလာတာ မြို့က ရေတပ်စခန်းအပြင်မှာ ဒေသခံတွေ စုရုံးခဲ့ပါတယ်။ ပျောက်ဆုံးရေငုပ်သင်္ဘော ARA စန်ဟွမ်ကို အကြီးအကျယ် ရှာစဉ်က ပါဝင်ခဲ့တဲ့ ပုဂ္ဂလိက ကုမ္ပဏီ Ocean Infinity က ရှာတွေ့ခဲ့တာပါ။ ပျောက်ဆုံးချိန်မှာ ရေငုပ်သင်္ဘောပေါ်မှာ ဝန်ထမ်း ၄၄ယောက်ပါတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ အမြီးပိုင်း ပျက်စီးနေတဲ့ ရေငုပ်သင်္ဘောကို သမုဒ္ဒရာချောက်တခုထဲမှာ တွေ့ခဲ့တာလို့ အာဂျင်တီးနား ကာကွယ်ရေးဝန်ကြီး ကားလော့စ် အာဂွပ်ဒ်က ပြောခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024