အီရန်-အီရတ်နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုး တိုးမြှင့်နိုင်ဟု အီရန်သမ္မတ ပြော

Iran's President Hassan Rouhani meets with Iraq's President Barham Salih in Tehran, Iran, November 17, 2018. Official President website/Handout via REUTERS
အီရန်နဲ့အီရတ် နှစ်နိုင်ငံကြား နှစ်စဉ် အပြန်အလှန် ကုန်သွယ်မှုတန်ဖိုးဟာ လက်ရှိအဆင့် အမေရိကန်ဒေါ်လာ ၁၂ ဘီလျံကနေ ၂၀ ဘီလျံထိ တိုးမြှင့်နိုင်တယ်လို့ အီရန်သမ္မတ ဟတ်ဆန် ရောင်ဟာနီက နိုဝင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။ အမေရိကန်က အီရန်အပေါ် စီးပွားရေးဒဏ်ခတ်မှု ပြန်စတင်ခဲ့လို့ စိုးရိမ်နေကြချိန်မှာ အီရန်နိုင်ငံဆီ အလည်အပတ်ရောက်နေတဲ့ အီရတ်သမ္မတ ဘာဟမ်ဆာလစ်သ်နဲ့ အစည်းအဝေးအပြီး ခုလိုပြောလိုက်တာပါ။ အမေရိကန်အစိုးရက အီရန်ရဲ့ အဓိက ရေနံလုပ်ငန်း၊ ဘဏ်လုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေကို ပစ်မှတ်ထားပြီး လွန်ခဲ့တဲ့ နှစ်ပတ်က ဒဏ်ခတ်မှု ပြန်စခဲ့ပါတယ်။ အီရန်ဆီက ဓာတ်ငွေ့နဲ့ စွမ်းအင် ဖြန့်ဖြူးမှုအတွက် အပြန်အလှန်အနေနဲ့ အီရတ်လည်း စားသောက်ကုန်တွေကို ပြန်ရောင်းပေးဖို့ သဘောတူခဲ့တယ်လို့ အီရတ်အရာရှိတွေက ရိုက်တာ သတင်းဌာနကို အရင်အပတ်က ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up