A d v e r t i s e m e n t With Us

အစ္စရေးဝန်ကြီးချုပ် ကာကွယ်ရေးဝန်ကြီးတာဝန် လွှဲပြောင်းရယူ

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ကာကွယ်ရေးဝန်ကြီးတာဝန် လွှဲပြောင်းရယူခဲ့တယ်လို့ ပါတီတာဝန်ရှိသူတဦးက နိုဝင်ဘာ ၁၆ ရက်နေ့မှာ ပြောပါတယ်။ နိုဝင်ဘာ ၁၄ ရက်နေ့က ကာကွယ်ရေးဝန်ကြီး လစ်ဘာမန်း ရာထူးက နုတ်ထွက်သွားတာနဲ့အတူ ညွန့်ပေါင်းအစိုးရ ချည့်နဲ့သွားပြီးနောက် နေတန်ယာဟုက အခုလို တာဝန်လွှဲပြောင်းယူခဲ့တာပါ။ အစောပိုင်းက ၀န်ကြီးချုပ် နေတန်ယာဟုဟာ Jewish Home Party က အဓိက မဟာမိတ် နာ့ဖ်တာလီ ဘန်းနက်နဲ့ တွေ့ဆုံခဲ့ပေမယ်လို့ သူတို့နှစ်ဦးကြား သဘောတူညီချက် မရခဲ့ပါဘူး။ အဲဒီလို တွေ့ဆုံပြီးနောက် ကာကွယ်ရေးဝန်ကြီးတာဝန်ကို နေတန်ယာဟုကိုယ်တိုင်  ကိုင်တွယ်မယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ လွှတ်တော်ရွေးကောက်ပွဲ ပြီးရင်တော့ နေတန်ယာဟုရဲ့ လစ်ကွတ်ပါတီဟာ လွှတ်တော်အတွင်း ဆက်လက်လွှမ်းမိုးနိုင်ဖွယ်ရှိတယ်လို့ လူထုသဘောထား စစ်တမ်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up