Home
သတင်းဓာတ်ပုံ
မျှော်နေသူတွေ ပေါ်မလာခဲ့တဲ့ တောင်ပြိုလက်ဝဲ (ဓာတ်ပုံ)
ပြည့်ဘုန်းအောင်
·
November 18, 2018
တောင်ပြိုလက်ဝဲစခန်းဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မှာ တည်ရှိပြီး နိုင်ငံ ၂ နိုင်ငံကိုတော့ သံတံခါးလေးတခုသာခြားထားပါတယ်။ ရခိုင်ပြည်နယ်ကနေ တဖက်နိုင်ငံကို ထွက်ပြေးသွားတဲ့သူတွေကို ပြန်လည်လက်ခံဖို့တော့ ဒီစခန်းက ပထမဦးဆုံးဝင်ပေါက် လက်ခံရေးစခန်းပါ။ လက်ခံရေးစခန်းရေးက လူတွေဟာ မနက် ၈ နာရီကစပြီး ညနေ ၅ နာရီထိ ပြန်လာမယ့်သူတွေကို အသင့်စောင့်ဆိုင်းနေကြပေမယ့် တယောက်မှတော့ ရောက်မလာခဲ့ပါဘူး။ တောင်ပြိုလက်ဝဲစခန်းမှာတော့ ပြန်လာမယ့်သူတွေအတွက် ယာယီအဆောက်အအုံ ဆောက်လုပ်ထားရှိပြီ NVC ကတ်လျောက်ထားခွင့်ပြုပေးမယ့်ကိစ္စတွေအပါအဝင် ဆေးပေးခန်း၊ ထောက်ပံ့ရေးစခန်း စားသောက်နေထိုင်ရေးနဲ့ လုံခြုံရေးကဏ္ဍတွေကိုလည်း ပြည့်စုံစွာ စီစဉ်ထားပါတယ်။ တဖက်နိုင်ငံကို ထွက်ခွာသွားတဲ့သူတွေကို နိုဝင်ဘာ ၁၅ ရက်နေ့ကစပြီး နှစ်နိုင်ငံသဘောတူညီချက်နဲ့ ပြန်လည်ဝင်ရောက်လာမယ်လို့ ပြောဆိုခဲ့ပြီး လက်ရှိအခိျန်ထိ တစ်ဦးတယောက်မှ ပြန်ဝင်လာသူမရှိပေမယ့် တောင်ပြိုလက်ဝဲစခန်းလေးကတော့ သူ့တာဝန်အရ နေ့စဉ်စောင့်မျော်နေဆဲပါပဲ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024