A d v e r t i s e m e n t With Us

MFF 100 PLUS Cup ယူ ၁၄ အမျိုးသားဘောလုံး ဗိုလ်လုပွဲတွင် မန္တလေးတိုင်း အနိုင်ရ

MFF 100 PLUS Cup ပြည်နယ်နှင့်တိုင်းဒေသကြီး ယူ ၁၄ အမျိုးသားပြိုင်ပွဲ ဗိုလ်လုပွဲနဲ့ ဆုပေးပွဲ အခမ်းအနားကို မနေ့ညနေပိုင်းက မြန်မာအမျိုးသားအကယ်ဒမီ မြက်ခင်းတုကွင်းမှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲရဲ့ ဗိုလ်လုပွဲစဉ်အဖြစ် ကယားပြည်နယ် အသင်းနဲ့ မန္တလေးတိုင်းဒေသကြီး အသင်းတို့က ယှဉ်ပြိုင် ကစားခဲ့ကြပြီး ပွဲအပြီးမှာ  မန္တလေးတိုင်း ဒေသကြီး အသင်းက ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုကို မန္တလေးတိုင်းဒေသကြီး အသင်းမှ ထွန်းထွန်းသိန်းက ရရှိခဲ့ပြီး အမှတ်တရ ဆုနဲ့ ဆုကြေးငွေကျပ် ၃ သိန်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ကြိုင်က ပေးအပ်ခဲ့ပါတယ်။ ပြိုင်ပွဲမှာ ချန်ပီယံဆု ရရှိခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး အသင်းအတွက် တံခွန်စိုက်ဆုဖလားအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ချီးမြှင့်ပေးခဲ့ပါတယ်။ ဒုတိယဆုရရှိတဲ့ ကယားပြည်နယ်အသင်းအတွက် ဆုတံဆိပ်တွေနဲ့ ဆုကြေးငွေ ကျပ် သိန်း ၃၀ ကိုလည်း  ချီးမြှင့်ပေးခဲ့ပါတယ်။ ဓာတ်ပုံ - Myanmar Football Federation

A d v e r t i s e m e n t With Us

More News
Up