အီတလီနှင့်ပေါ်တူဂီ ဂိုးမရှိ သရေကျ

1.1K
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် အုပ်စု အေပွဲစဉ်မှာ အီတလီနဲ့ ပေါ်တူဂီတို့ ဂိုးမရှိ သရေကျသွားပါတယ်။
အိမ်ရှင် အီတလီအသင်းဟာ ဂိုးသွင်းခွင့် အခွင့်အရေးကောင်းတွေ ရပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ဒီပွဲမှာ တိုက်စစ်မှူး ရော်နယ်ဒိုအနေနဲ့ ပေါ်တူဂီအတွက် ပါဝင်နိုင်ခြင်း မရှိသေးပါဘူး။
အီတလီ နောက်တန်းသမား ချယ်လိုင်နီအတွက်တော့ ဒီပွဲဟာ နိုင်ငံတကာပွဲပေါင်း ၁၀၀ ပြည့်တဲ့ ပွဲလည်းဖြစ်ပါတယ်။
အီတလီအသင်းဟာ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ဂိုးသွင်းခွင့်လည်း ပိုရခဲ့ပါတယ်။
ပေါ်တူဂီအသင်းကတော့ ဒီပွဲသရေကျလို့ ၇ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာ ဦးဆောင်ခွင့်ရသွားပါတယ်။ အီတလီကတော့ ၅ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။