WordPress database error: [Incorrect key file for table './burmese_dvb_no/dvp_options.MYI'; try to repair it]
INSERT INTO `dvp_options` (`option_name`, `option_value`, `autoload`) VALUES ('_transient_doing_cron', '1660458268.8842871189117431640625', 'yes') ON DUPLICATE KEY UPDATE `option_name` = VALUES(`option_name`), `option_value` = VALUES(`option_value`), `autoload` = VALUES(`autoload`)

ချိစ်အရသာထူးခြားရန် ဂီတသံဇဉ်များ အသုံးပြုသည့် ဆွစ်ဇာလန်လုပ်ငန်းရှင် (ရုပ်သံ) – DVB

ချိစ်အရသာထူးခြားရန် ဂီတသံဇဉ်များ အသုံးပြုသည့် ဆွစ်ဇာလန်လုပ်ငန်းရှင် (ရုပ်သံ)

ဆွစ်ဇာလန်နိုင်ငံ အီမန်တယ်အရပ်က ချိစ်ပြုလုပ်သူတဦးက မတူကွဲပြားတဲ့ ဂီတသံဇဉ်တွေက သူပြုလုပ်တဲ့ စားစရာရဲ့ အရသာအပေါ် ဘယ်လို အကျိုးသက်ရောက်မှုရှိလဲ ဆိုတာကို လေ့လာမှုပြုလုပ်ခဲ့တယ်လို့ OC သတင်းမှာဖော်ပြပါတယ်။ ဒီစမ်းသပ်မှုကို ချိစ်လုပ်ငန်းရှင် ဘိဝမ့်ဖလာက ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက စတင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ချိစ်အဝိုင်းလေးတွေမှာ ဂန္တဝင်ဂီတကစလို့ EDM ဂီတတွေအထိ ဂီတအမျိုးကွဲပေါင်းများစွာရဲ့ အသံကို ပေးကာ ဒီသံဇဉ်တွေက ချိစ်တွေရဲ့အရသာ၊ ပုံပန်းသဏ္ဌာန်နဲ့ ကြီးထွားမှုအပေါ်အကျိုးသက်ရောက်မှုရှိတာကို သက်သေပြဖို့ ကြိုစားခဲ့တာပါ။ ဒါဟာ ဂီတသံဇဉ်တွေနဲ့ ချိစ်ပြုလုပ်မှုကြားမှာ ဆက်စပ်မှုရှိတယ်ဆိုတဲ့ သူ့ယုံကြည်ချက်ကြောင့်လည်း ဖြစ်ပါတယ်။ လူအများစုအတွက်တော့ ချိစ်လုပ်ငန်းရှင်ရဲ့ အစီစဉ်ဟာ ရူးကြောင်ကြောင်နိုင်တယ်လို့ ထင်စရာရှိပေမယ့် ဝမ့်ဖလာဟာ ဒီစမ်းသပ်မှုအတွက် ဂီတဆိုင်ရာ သိပ္ပံပညာရှင်တစုကို တောင်ဆွဲဆောင်နိုင်ခဲ့ပြီး သူ့လုပ်ငန်းစဉ်မှာ ပါဝင်စေနိုင်ခဲ့ပါတယ်။ “ဒီစမ်းသပ်မှုအဆုံးမှာ ထင်သာမြင်သာရှိတဲ့ ကွဲပြားခြားနားမှုတွေ ရှိလာမလားဆိုတဲ့ မေးခွန်းတွေအတွက် အဖြေကို ကျနော်တို့ ရှာဖွေနေတာပါ” လို့ ဒီလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့တဲ့ ဆွစ်ဇာလန်အနုပညာတက္ကသိုလ်တခုက ဂီတဒါရိုက်တာ မိုက်ကယ် ဟာရန်ဘာ့ဂ်ျ ကပြောပါတယ်။ ဝမ့်ဖလာနဲ့ ပညာရှင်တစုဟာ အရာဝထ္တုတွေနဲ့ ဓာတုဓာတ်ပြုမှုတွေအပေါ်မှာ အသံက သက်ရောက်မှုရှိတယ်ဆိုတဲ့ sonochemistry လို့ခေါ်တဲ့ သဘောတရားတခုကို အခြေခံကာ လေ့လာမှုကို ပြုလုပ်ခဲ့ကြတာပါ။ ဒီဆက်စပ်မှုကို သက်သေပြနိုင်ဖို့ သူတို့ဟာ ချိစ်တုံးလေးတွေရဲ့ အောက်ခြေမှာ စပီကာ အသေးစားလေးတွေကို တပ်ဆင်ကာ မတူညီတဲ့ ဂီတာအသံတွေကို ပေးခြင်းနဲ့ လေ့လာမှုကိုလုပ်ခဲ့ပါတယ်။ သူတို့အသုံးပြုတဲ့ ဂီတတွေမှာ ရော့ခ်၊ ဟစ်ဟော့၊ EDM နဲ့ ဂန္တဝင်ဂီတသံစဉ်တွေ အပါအဝင် ဂီတမျိုးကွဲပေါင်များစွာလည်း ပါဝင်ပါတယ်။ ဒီလေ့လာမှုရဲ့ ရလဒ်ကို လာမယ့်နှစ်မတ်လမှာ ပညာရှင်တစုက လာရောက်စစ်ဆေး အဖြေထုတ်ပေးမှာဖြစ်ပြီး အခုချိန်မှာတော့ ဂီတသံစဉ်တွေရဲ့ ချိစ်အပေါ် အကျိုးသက်ရောက်မှုကို ပြောဖို့ ခက်ခဲနေသေးတယ်လို့ ဝမ့်ဖလာက ပြောပါတယ်။

//
More News
Up