Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
November 17, 2018
မတ်ပဲ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် ၁ အိတ်ကို ၈၆၁၅၀   ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃၀၅၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၈၃၀၀၀၀ ကနေ ၈၈၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့မန္တလေးကုန်စည်ဒိုင် ၁ အိတ်ကို ၁၈၅၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။ ပဲစင်းငုံနီ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ၇၀၄၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၆၅၀၀၀  ကနေ ၇၀၀၀၀ ပေါက်ဈေး ရှိပါတယ်။ ရန်ကုန် နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၄၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။ ကုလားပဲ မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် ၁ အိတ်ကို ၇၃၀၀၀ ကနေ ၇၅၀၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၇၄၁၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၄၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မန္တလေး နဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၉၀၀ ကျပ်ဈေးကွာခြားမှုရှိ ပါတယ်။ နှမ်းနက်(စမုံ) မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်(စမုံ)က ၄၅ ပိဿာဝင် ၁ အိတ်ကို ၂၇၈၀၀၀ ကနေ ၂၈၃၀၀၀ ပေါက်ဈေးရှိပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၂၆၅၀၀၀ ကနေ ၂၇၀၀၀၀ ပေါက်ဈေးရှိပြီး မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် ၁ အိတ်ကို ၁၃၀၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။ နှမ်းဖြူ မန္တလေးကုန်စည်ဒိုင်မှာ နှမ်းဖြူက ၁ အိတ်ကို ၁၉၀၀၀၀ ကနေ ၂၀၅၀၀၀ ပေါက်ဈေးရှိပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၈၅၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေး နဲ့ အောင်လံကုန်စည်ဒိုင် ၁ အိတ်ကို ၂၀၀၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။ ကြက်သွန်နီ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက ၁ ပိဿာကို ၇၅၀ ကနေ ၈၇၅ ကျပ်ရှိပြီး ၁ ပိဿာကို ၂၅ ကျပ်ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၆၀၀ ကနေ ၁၁၀၀ ရှိပြီး ပခုက္ကူ နဲ့ ရန်ကုန်ကုန်စည်ဒိုင် ၁ ပိဿာကို ၂၂၅ ကျပ်ဈေးကွာခြားမှုရှိပါတယ်။ ဖော်ပြထားတဲ့  သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။ သတင်း – AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024