Home
မြန်မာသတင်း
တောင်ကြီးတန်ဆောင်တိုင် ၄ ရက်မြောက်နေ့ ပိုစည်ကားလာ
DVB
·
November 17, 2018
တောင်​ကြီးတန်​​ဆောင်​တိုင်​ မီးပုံးပျံ ပြိုင်​ပွဲ ပွဲ​တော်​ကျင်းပတာ ဒီ​နေ့ဆို ​ ၄ ရက်​​မြောက်​ ​နေ့ရှိပြီဖြစ်​ပြီး ပိုမိုစည်​ကားလာတာကို တွေ့ရပါတယ်​။ နိုဝင်​ဘာ ၁၆ ရက်​​နေ့က ​တောင်​ကြီးမြို့မှာ ဗုံးလန့်မှုရှိ​ခဲ့ပေမယ့် ပွဲ​တော်​ည ပိုမိုစည်​ကားတယ်​လို့ မီးပုံးပျံ ပြိုင်​ပွဲ ကျင်းပ​ရေး​ကော်​မတီ အတွင်း​ရေးမှူး ဒေါက်တာသန်းဝင်းက ပြောပါတယ်​။ ဒီနှစ်​တန်​​ဆောင်​တိုင်​ပွဲ​တော်​ဟာ မီးပုံးပျံ မီး​လောင်​မှု​ကြောင့် လူနှစ်ယောက် ထိခိုက်တာ ရှိပေမယ့် သက်​သာလာပြီလို့  ဆိုပါတယ်​။ ဒီနှစ်မှာ ထူးခြားချက်​ကတော့ မီး​ဘေးအန္တရာယ် ဖြစ်​ပွားမှုနည်းပါးပြီး ရာသီဥတု အ​ခြေအ​နေလည်း ပွဲ​တော်​ကာလမှာ သာယာ​နေတယ်​လို့ ဆိုပါတယ်​။ မီးပုံးပျံပြိုင်​ပွဲကို ​နေ့လွှတ်​အရုပ်​​တွေ၊ ညလွှတ်​ စိန်​နားပန်​၊ ညမီးကြီး​တွေနဲ့ ပြည်​တွင်းပြည်​ပ ပရိသတ်​​တွေနဲ့ စည်​ကား​နေပါတယ်​။ ​တောင်​ကြီး တန်​​ဆောင်​တိုင်​ပွဲ​တော်​ကို နိုဝင်​ဘာ ၁၄ ရက်​ကနေ ၂၃ ရက်​​နေ့အထိ ၁၀ ရက်​ တိတိ ကျင်းပသွားမှာဖြစ်​ပါတယ်​။ ခွန်​ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024