မက္ကဆီကိုနယ်စပ် ရွှေ့ပြောင်းဝင်လာသူများကို ဒေသခံများ နှင်ထုတ်

မိုင်ပေါင်းများစွာ ခရီးနှင်ပြီး မက္ကဆီကိုနယ်စပ်ကို ရောက်လာခဲ့တဲ့ ဗဟိုအမေရိက ရွှေ့ပြောင်းလာသူ လူအုပ်ကြီးကို မက္ကဆီကန် ဒေသခံတွေက နှင်ထုတ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ နိုဝင်ဘာ ၁၄ ရက်နေ့က မက္ကဆီကန်နယ်စပ် တီဝါနာ ဒေသခံအုပ်စုငယ်တခုဟာ ရွှေ့ပြောင်းလာသူ လူအုပ်ကို ခဲတွေနဲ့ ပစ်ပေါက်ပြီး နှင်ထုတ်ခဲ့ပါတယ်။ “ကျနော်တို့က ဘယ်သူ့ကိုမှ ခွဲခြားဆက်ဆံနေတာ မဟုတ်ပါဘူး၊ လူမျိုးရေး ခွဲခြားတာလည်း မဟုတ်ဘူးဈ ကျွန်တော်တို့က ပလာယာ ဒဲ တီဝါနာ နယ်စပ်ဒေသကို လုံခြုံစေချင်တာပါ။ ဒီဒေသကို ရွှေ့ပြောင်းလာသူတွေ ထပ်ရောက်လာမှာကို မလိုလားဘူး။ အစိုးရအနေနဲ့ သူတို့ကို ခိုလှုံရေး စခန်းတွေ လုပ်ပေးသင့်ပါတယ်” လို့ ဒေသခံ ရိုခဲလီယို နီယာဗက်စ်က ပြောပါတယ်။ မက္ကဆီကို-အမေရိကန် နယ်စပ်တံတိုင်းပေါ် တက်နေတဲ့ အမည်မသိ အမျိုးသားတဦးကို ပြောင်းရွှေ့လာသူလူအုပ်ကြိးက ဆွဲချပြီး ၀ိုင်းဝန်းထိုးကြိတ်ခဲ့ကြပါတယ်။ လူအုပ်ကြီးက သူ့ကြောင့် နယ်စပ် ဖြတ်သန်းခွင့်ရမယ့် အခွင့်အလမ်း ထိခိုက်တယ်ဆိုပြီး ပြောပါတယ်။ “ကျနော့်ကို ပိုက်ဆံပေးလို့လုပ်တာ မဟုတ်ပါဘူး။ ဒီလိုပဲ စိတ်ထဲရှိတဲ့အတိုင်း လုပ်မိတာပါ။ အမှန်အတိုင်းပြောရရင် ကျနော်က တက္ကဆက်ကလာတာပါ” လို့ အဆိုပါအမျိုးသားက ပြောပါတယ်။ မက္ကဆီကန်နယ်စပ် တီဝါနာ မြို့လေးဟာ ၁၉ ရာစုက တရုတ်ရွှေ့ပြောင်းလာသူတွေအပါအ၀င် နိုင်ငံခြားသားတွေကို လက်ခံတဲ့ သမိုင်းအစဉ်အလာရှိခဲ့ပါတယ်။ အဲဒီမြို့မှာ လက်တင် အမေရိကလူဦးရေ အများပြားရှိပြီး ဟေတီနိုင်ငံသား သုံးထောင်လောက် အခြေချနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up