အသင်းနောက်တန်း ဆိုးရွားနေမှု ပြင်ဆင်မည်ဟု ဖူလ်ဟမ်နည်းပြသစ် ပြော

ဖူလ်ဟမ်အသင်းရဲ့ နောက်တန်းဆိုးရွားနေမှုကို ပြင်ဆင်သွားမယ်လို့ နည်းပြသစ် ရေးနီယာရီက ကတိပေး ပြောကြားလိုက်ပါတယ်။ ဖူလ်ဟမ်အသင်းဟာ ပရီးမီးယားလိဂ် ၁၂ ပွဲကစားပြီး ၃၁ ဂိုးထိ ပေးဂိုးတွေ ခွင့်ပြုပေးထားရပါတယ်။ ရေးနီယာရီဟာ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးနဲ့ လက်စတာစီးတီးအသင်းတို့ကို နည်းပြခဲ့ဖူးပြီးတော့ လက်စတာစီးတီးအသင်းကိုတော့ ၂၀၁၆ ခုနှစ်မှာ သမိုင်းတလျှောက် ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကို မနှစ်ကမှ တန်းတက်လာခဲ့တဲ့ ဖူလ်ဟမ်အသင်းဟာ နည်းပြဂျိုကန်နိုဗစ် လက်အောက်မှာ ရုံးကန်ခဲ့ရပြီး မီထရိုဗစ်၊ ကာမာရာ၊ ရှာရယ်အစရှိတဲ့ ကစားသမားတွေ ခေါ်ယူခဲ့ပေမယ့် ၁၂ ပွဲကစားပြီးချိန်မှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။ ပေးဂိုးအရေအတွက်ဟာလည်း ၃၁ ဂိုးထိ ရှိလာခဲ့တာကြောင့် ရာသီအကုန်မှာဆိုရင် ပျမ်းမျှ ၉၈ ဂိုးထိ ရှိသွားနိုင်တယ်လို့ ခန့်မှန်းနေကြတာပါ။ ပရီးမီးယားလိဂ်မှာ ပေးဂိုးအများဆုံး ခွင့်ပြုပေးခဲ့ရတဲ့ အသင်းကတော့ ဒါဘီကောင်တီ အသင်းဖြစ်ပြီးတော့ ၃၈ ပွဲမှာ ၈၉ ဂိုးထိ ခွင့်ပြုပေးထားခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up