A d v e r t i s e m e n t With Us

ကွန်ပျူတာမသုံးတတ်ကြောင်း ဝန်ခံခဲ့သည့် ဂျပန် ဆိုက်ဘာလုံခြုံရေး ဝန်ကြီးသစ်

ဂျပန်နိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေးဝန်ကြီးသစ် ယိုရှီတာကာ ဆာကူရာဒါက တခါမှ ကွန်ပျူတာ အသုံးမပြုခဲ့ဖူးကြောင်း ဝန်ခံလိုက်တာကြောင့် တကမ္ဘာလုံးက အံ့သြသင့်ခဲ့ကြတယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။ ဆာကူရာဒါက ဒီလိုဝန်ခံမှုကို ဂျပန်နိုင်ငံရဲ့ အောက်လွှတ်တော်ကော်မတီ အမေးအဖြေ အစီအစဉ်တခုမှာ ပြောကြားခဲ့တာပါ။ ဒီအစဉ်မှာ ဆာကူရာဒါဟာ power grid၊ malware စတာတွေနဲ့ ပတ်သက်တဲ့မေးခွန်း တွေကို အမေးခံခဲ့ရပြီး ဒီမေးခွန်းတွေက သူ့အတွက် အတော်လေး အကြပ်ရိုက်စေခဲ့တာလည်း တွေ့ခဲ့ရပါတယ်။ မေးခွန်းမေးမြန်းမှုတခုမှာ အသစ်စက်စက်ဂျပန်ဆိုက်ဘာလုံခြုံရေးဝန်ကြီးက USB ကို ဂျပန်နိုင်ငံရဲ့ နျူကလီးယားအစီစဉ်မှာ အသုံးပြုခြင်းမရှိဘူးလို့ ဖြေကြားခဲ့ပြီး ဒီအဖြေကြောင့် သူဟာ နည်းပညာနဲ့ လုံးဝထိတွေ့မှု မရှိသူအဖြစ် အားလုံးရဲ့ သတ်မှတ်တာခံခဲ့ရပါတယ်။ ဒီအမေးအဖြေကဏ္ဍမှာ ဆာကူရာဒါရဲ့ ကပေါက်တိကပေါက်ချာ ဖြေကြားချက်တွေဟာ အစည်းအဝေးမှာရှိနေတဲ့ လွှတ်တော်အမတ်တွေအတွက် ရယ်စရာဖြစ်ခဲ့ပေမယ့် သူဟာ ဒီလိုမျိုးဝန်ခံမှုကို ပြုလုပ်လိမ့်မယ်လို့တော့ ဘယ်သူကမှ မထင်ခဲ့ပါဘူး။ “ကျနော့်အသက် ၂၅ နှစ်အရွယ်ကတည်းက ကျနော်ဟာ ကွန်ပျူတာနဲ့ ပတ်သတ်တဲ့ လုပ်ငန်းတွေကို အကူဝန်ထမ်းတွေ၊ ကိုယ်ရေးအရာရှိတွေကသာ လုပ်ပေးတဲ့ ရာထူးနေရာမှာ ရှိနေခဲ့တာကြောင့် ကျနော်ကွန်ပျူတာကို မသုံးခဲ့ရပါဘူး” လို့ ဆာကူရာဒါက ပြောကြောင်း Japan Times သတင်းမှာ ဖော်ပြပါတယ်။ “ကျနော်ဟာ အဲ့ဒီအချိန်ကတည်းက အလုပ်တွေကို ကိုယ်တိုင်လုပ်စရာမလိုဘဲ ညွှန်ကြားဖို့သာ တာဝန်ယူခဲ့ရသူပါ” လို့ ဆိုပါတယ်။ တကယ်တမ်းမှာလည်း ဆာကူရာဒါရဲ့ ပြောစကားတွေဟာ မှန်ကန်မှုရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့ရာထူးနဲ့ သူ့ရဲ့ အတွေ့အကြုံပိုင်းဆိုင်ရာ အားနည်းချက်ကတော့ မေးခွန်းထုတ်စရာပါ။ “ကွန်ပျူတာ မသုံးတတ်တဲ့လူက ဆိုက်ဘာလုံခြုံရေးဝန်ကြီးဖြစ်နေတယ်ဆိုတာကတော့ မယုံကြည်နိုင်စရာပါပဲ” လို့ ဂျပန်နိုင်ငံရဲ့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံရေးသမား တဦးက ထောက်ပြပါတယ်။ ဒါ့အပြင် ဒီဝန်ခံချက်ကြောင့်လည်း အင်တာနက်အသုံးပြုသူတွေက ဆာကူရာဒါကို လှောင်ပြောင်သရော်မှုတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up