A d v e r t i s e m e n t With Us

CNN သတင်းထောက်ကို အိမ်ဖြူတော် သတင်းရယူပိုင်ခွင့် ပြန်လည်ပေးအပ်

CNN White House correspondent Jim Acosta leaves a hearing on CNN's lawsuit against the Trump administration seeking the reinstatement of Acosta's White House press credentials at U.S. District Court in Washington, U.S., November 14, 2018. REUTERS/Kevin Lamarque
CNN သတင်းထောက် ဂျင်မ်မက်ကော်စတာရဲ့ အိမ်ဖြူတော် သတင်းရယူပိုင်ခွင့်ကို အမေရိကန် တရားသူကြီးက နိုဝင်ဘာ ၁၆ ရက်နေ့မှာ ယာယီ ပြန်လည်ပေးအပ်ခဲ့ပါတယ်။ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ သမ္မတထရမ့်နဲ့ CNN သတင်းထောက် ဂျင်မ်မက်ကော်စတာတို့ အပြန်အလှန် အငြင်းအခုံဖြစ်ပြီးနောက် မက်ကော်စတာရဲ့ သတင်းရယူပိုင်ခွင့် ရုပ်သိမ်းခံခဲ့ရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ CNN သတင်းဌာနက အိမ်ဖြူတော်ကို တရားစွဲဆိုခဲ့တာပါ။ အဲဒီအမှုနဲ့ ပတ်သက်ပြီး တရားသူကြီးက ဂျင်မ်မက်ကော်စတာရဲ့ အိမ်ဖြူတော် သတင်းရယူပိုင်ခွင့်ကို ပြန်လည်ပေးအပ်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ တရားသူကြီးဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ CNN နဲ့ မက်ကော်စတာတို့ရဲ့ ရှေ့နေက တရားရုံးဆုံးဖြတ်ချက်ကို ကျေနပ်ပြီး  ဒါဟာ အမေရိကန် ဖွဲ့စည်းပုံဥပဒေ ပထမဆုံး ပြင်ဆင်ချက်နဲ့ ဂျာနယ်လစ်ဇင်အတွက် မင်္ဂလာရှိတဲ့ နေ့တနေ့ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ CNN သတင်းထောက် ဂျင်မ်မက်ကော်စတာကလည်း သူ့ကို ထောက်ခံခဲ့ကြတဲ့ သတင်းလောကက လုပ်ဖော်ကိုင်ဖက်တွေနဲ့ တရားသူကြီးကို ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။ CNN တင်မဟုတ်ဘဲ လွတ်လပ်အားကောင်းပြီး အမှီအခိုကင်းတဲ့ အမေရိကန် သတင်းမီဒီယာအား ထောက်ခံသူအားလုံးကို ကျေးဇူးတင်ရှိတယ်လို့လည်း  CNN သတင်းဌာန ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up