Home
အနုပညာ
ဆရာဦးစံဖေကို ဂုဏ်ပြုသည့်အနေဖြင့် တောင်ကြီးတွင် ပန်းချီပြပွဲ ကျင်းပ
DVB
·
November 17, 2018
လူငယ်​​တွေကို ပန်းချီပန်းပုပညာ လက်​ဆင့်ကမ်း​ပေးတဲ့ ဆရာဦးစံ​ဖေကို ဂုဏ်​ပြုတဲ့အ​နေနဲ့ ​တောင်​ကြီး ပန်းချီပန်းပု အစည်းအရုံးက​ ဆောင်းအလင်္ကာ ပန်း​ချီပြပွဲကို ​တောင်​ကြီးမြို့ ရှမ်းပြည်​နယ်​ ယဉ်​​ကျေးမှုပြတိုက်​မှာ ပြုလုပ်ပါတယ်​။ ဆရာကြီးဦးစံ​ဖေဟာ မြန်​မာနိုင်​ငံ ​နေရာအ​တော်​များများက ဗိုလ်​ချုပ်​​အောင်​ဆန်းရုပ်​တုကို ထု​လုပ်​ခဲ့သူဖြစ်ပြီး မျိုးဆက်​သစ်​ လူငယ်​​တွေကိုလည်း ပန်းချီ၊ ပန်းပု ပညာ​တွေ လက်​ဆင့်​ကမ်း ခဲ့သူလည်း ဖြစ်ပါတယ်။ ပန်းချီ ဆရာတယောက်​ဖြစ်​ဖို့ ဝါသနာအရင်းခံပြီး ​တော်​​တော်​ရုန်းကန်​ရမယ့် အ​နေအထားရှိပြီး ခုလိုပြပွဲပြုလုပ်​​ပေးနိုင်​မှသာ မျိုးဆက်​သစ်​ လူငယ်​​ပန်းချီဆရာ ထွက်​​ပေါ်လာမှာ ဖြစ်​ပါတယ်​။ ပန်းချီပြပွဲကို ​တောင်​ကြီး တန်​​ဆောင်​တိုင်​အတွင်း နိုဝင်​ဘာ ၁၄ ရက်​​နေ့ကနေ ၂၂ ရက်​​နေ့ အထိ ပြသသွားမှာ ဖြစ်​ပါတယ်​။ အဲဒီပန်းချီပြပွဲမှာ ပန်းချီ ဆရာ ၅၀ ​ကျော်​က အလှပန်းချီပုံ၊ နိုင်​ငံ​ရေး​ ခေါင်း​ဆောင်​ပုံ၊ ​တော​တောင်​ သဘာဝနဲ့ လူ​နေမှုဓ​လေ့ ပန်းချီကား​ပေါင်း ၁၇၇ ပုံကို လာ​ရောက်​ပြသခဲ့တာ ဖြစ်​ပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024