A d v e r t i s e m e n t With Us

ဆူဇူကီးဖလား မြန်မာက လာအိုကို ၃-၁ ဂိုးဖြင့်အနိုင်ရ (ရုပ်သံ)

ဆူဇူကီးဖလား အုပ်စု ဒုတိယပွဲစဉ်အဖြစ် မနေ့ညက ယှဉ်ပြိုင်ရာမှာ မြန်မာ့ လက်ရွေးစင် အသင်းက အိမ်ရှင် လာအိုအသင်းကို ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။ လာအိုအသင်းက ပွဲအစ ၁၃ မိနစ်မှာပင် အဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ပေမယ့် ပထမပိုင်း ပြီးကာနီး ၄၅ မိနစ်မှာ တိုက်စစ်မှူး အောင်သူက ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မြန်မာအတွက် ဦးဆောင်ဂိုးကို ၇၂ မိနစ်လောက်မှာ ထက်ဖြိုးဝေက ကန်သွင်းယူခဲ့ပါတယ်။ တတိယမြောက် အနိုင်ဂိုးကို ၈၄ မိနစ်မှာ ဘယ်တောင်ပံက  သိန်းသန်းဝင်းရဲ့ ဖြတ်တင်ပေးပို့တာကနေ မောင်မောင်လွင်က ပိတ်ယူပါတယ်။ ဒီပွဲနိုင်တဲ့ မြန်မာအသင်းက အုပ်စုတွင်းမှာ ရမှတ် ၆ မှတ်နဲ့ ဗီယက်နမ်အသင်းထက် သွင်းဂိုးအသာနဲ့ ဦးဆောင်နေပါတယ်။ ပွဲအပြီးမှာ နည်းပြချုပ် အန်တွမ်နီဟေးက နိုင်ပွဲအတွက် ကျေနပ်ပြီး ပရိသတ်တွေ အားပေးမှုနဲ့အတူဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မယ်လို့ ယုံကြည်ထားပါတယ်” လို့ ပြောပါတယ်။ အဲဒီအတွက် အကောင်းဆုံး ကစားသမားဆုကို ဒေးဗစ်ထန်က ရရှိသွားပြီး အဲဒီဆုဟာ သူ့အတွက်တော့ ကစားသမား သက်တမ်းတလျောက် နိုင်ငံတကာပွဲတွင် အကောင်းဆုံးဆု ရရှိခဲ့တာပါ။ မြန်မာအသင်းဟာ အုပ်စု (အေ) မှာ နိုဝင်ဘာ ၂၀ ရက်နေ့ ဗီယက်နမ် အသင်းကို အိမ်းကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး ၂၄ ရက်နေ့မှာတော့ မလေးရှားအသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up