A d v e r t i s e m e n t With Us

တရုတ်သမ္မတ ရှီကျင့်ဖျင် APEC ဖိုရမ်တက်ရန် ပါပူဝါနယူးဂီနီသို့ ရောက်ရှိ

ဓာတ်ပုံ - Reuters
အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ဖိုရမ် တက်ရောက်ဖို့အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ နိုဝင်ဘာ ၁၆ ရက်နေ့က ပါပူဝါနယူးဂီနီနိုင်ငံကို ရောက်ရှိလာပါတယ်။ သမ္မတ ရှီဟာ ဖိုရမ်တက်ရောက်ဖို့ ပို့စ်မော်ဘီကို ပထမဆုံး ရောက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်ဖြစ်တယ်လို့ ဆင်ဟွာသတင်းဌာနက အစီရင်ခံပါတယ်။ ရောက်ရှိလာတဲ့ တရုတ်သမ္မတကို ပါပူဝါနယူးဂီနီနိုင်ငံ ဝန်ကြီးချုပ် ပီတာအိုနေးလ်က ကြိုဆိုပါတယ်။ အမေရိကန်မဟာမိတ် သြစတြေးလျ သြဇာလွှမ်းမိုးတဲ့ ပါပူဝါနယူးဂီနီမှာ မကြာခင်က တရုတ်သြဇာလွှမ်းမှု ကြီးထွားလာခဲ့ပါတယ်။ နိုင်ငံတော်ခရီးစဉ် ပထမဆုံးနေ့မှာပဲ တရုတ်သမ္မတ ရှီဟာ ပါပူဝါနယူးဂီနီနိုင်ငံမှာ တရုတ်အစိုးရ အကူအညီနဲ့ ဖောက်လုပ်ခဲ့တဲ့ “လွတ်လပ်ရေးလမ်းမကြီး” ကို တရားဝင် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီသီတင်းပတ် စနေ၊ တနင်္ဂနွေမှာ ပြုလုပ်မယ့် APEC ဖိုရမ်ကို အမေရိကန်သမ္မတ ထရမ့်ကိုယ်စား ဒုသမ္မတ မိုက်ခ်ပန့်စ် တက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up