Home
မြန်မာသတင်း
တောင်ကြီးမြို့လယ်တွင်ဗုံးတွေ့၊ မိုင်းရှင်းအဖွဲ့ ဖောက်ခွဲရှင်းလင်း (ရုပ်သံ)
နန်းမြနဒီ
·
November 16, 2018
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ လူစည်ကားရာ မြို့မဈေးကြီးရှေ့မှာ ဒီကနေ့ ဗုံးတလုံးတွေ့ရှိခဲ့ပြီး OCEAN ကုန်တိုက်ကြီးထဲမှာလည်း မသင်္ကာစရာ အရာဝတ္ထုတခု ထပ်မံတွေ့ရှိခဲ့လို့ သက်ဆိုင်ရာက ရှင်းလင်းခဲ့ရပါတယ်။ မြို့မဈေးအရှေ့ဘက်မီးပွိုင့်နားမှာ လက်ဆွဲအိတ်တလုံး လမ်းဘေးမှာ ချခဲ့တာတွေ့တဲ့သူက သတင်းပေးလို့ မိုင်းရှင်းလင်းရေးအဖွဲ့တွေရောက်လာပြီး သဲအိတ်တွေနဲ့ ခံပြီးတော့ စနက်တံ ဖြုတ်လိုက်တာလို့ တောင်ကြီးမြို့ခံ ဦးအောင်ကျော်နိုင်ကပြောပါတယ်။ “ကွဲသွားပါပြီ၊ လမ်းပိတ်ပြီးတော့ခွဲလိုက်တာပေါ့။ ကျွမ်းကျင်သူတွေ ရောက်လာပြီး အန္တရာယ် မရှိအောင်သဲအိတ်တွေခံပြီးမှ ရှင်းလိုက်တာလေ။ မိုင်းရှင်းလင်းရေးတပ်က လာလုပ်တာပါဗျ။ တန်ဆောင်တိုင်ပွဲကို ဖျက်လိုဖျက်ဆီး အထိတ်တလန့်ဖြစ်အောင် လာလုပ်ပုံရပါတယ်” ဒါ့အပြင် ဈေးကြီးနဲ့ မျက်နှာချင်းဆိုင် OCEAN ကုန်တိုက်ကြီး ဒုတိယထပ် အိမ်သာအနီးမှာလည်း မသင်္ကာဖွယ်ပစ္စည်း ထပ်တွေ့လို့ တာဝန်ရှိသူတွေက ဖြတ်သန်းသွား လာခွင့် ပိတ်ပင်ကာ စစ်ဆေးနေတယ်လို့ တောင်ကြီးဒေသခံ စိုင်းလောဝ်က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးမောင်မောင်နိုင်က “ဗုံးကွဲတာက တလုံးတည်းပါ။ ကျန်တာက အမှိုက်ထုပ်တွေ၊ လျှောက်ပြောကြတာ။ အမှိုက်တွေချည်း။ ကွဲတဲ့တလုံးက မြို့မ ဈေးရှေ့ပါ။” လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024