A d v e r t i s e m e n t With Us

အိန္ဒိယကို ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်၊ လူ ၂ ဦး သေဆုံး

အိန္ဒိယနိုင်ငံ တောင်ပိုင်းဒေသကို နိုဝင်ဘာ ၁၆ ရက်နေ့က ဆိုင်ကလုန်းမုန်တိုင်း “ဂါဂျာ” ဝင်ရောက်ခဲ့တဲ့အတွက် လူ နှစ်ဦး သေဆုံးပြီး ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ အဲဒီဆိုင်ကလုန်းဟာ လေတိုက်နှုန်း တနာရီ ကီလိုမီတာ ၁၀၀ ကနေ ၁၂၀ အကြား တိုက်ခတ်ပြီး ဗက်ဒါရန်ယမ်နဲ့ နာဂါပတ်သီနမ် ဒေသနှစ်ခုကြား ဖြတ်ကျော်ဝင်ရောက်မယ်လို့ ချင်းနိုင်မိုးလေဝသဌာန အကြီးအကဲက ဆိုပါတယ်။ ဆိုင်ကလုန်း "ဂါဂျာ” ဝင်ရောက်ခဲ့ရာလမ်းတလျှောက် သစ်ပင်လဲကျတာတွေ၊ အဆောက်အဦနဲ့ မော်တော်ကား ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။ ဒီအတွက် အမျိုးသား သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့ဟာ နာဂါပတ်သီနမ်ဒေသမှာ ရှင်းလင်းရေးတွေ လုပ်ဆောင်နေပါတယ်။ အဲဒီဒေသက ဆိုင်ကလုန်းသင့် ပြည်သူတွေဟာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြပါတယ်။ မြေနိမ့်ဒေသက ပြည်သူ ၇၆,၀၀၀ ကျော်ကို အာဏာပိုင်တွေဟာ ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့တယ်လို့လည်း ရိုက်တာသတင်းက အစီရင်ခံပါတယ်။

A d v e r t i s e m e n t With Us

More News
Up