A d v e r t i s e m e n t With Us

သတင်းထောက် ခါရွှန်းဂျီ အသတ်ခံရမှု အိမ်ရှေ့မင်းသားနှင့် လုံးဝမသက်ဆိုင်ဟု ဆော်ဒီပြော

ဓာတ်ပုံ - Reuters
ဆော်ဒီသတင်းထောက် ခါရွှန်းဂျီ အသတ်ခံရမှုဟာ အိမ်ရှေ့မင်းသား မိုဟာမက်ဘင် ဆယ်လ်မန်နဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက နိုဝင်ဘာ ၁၅ ရက်နေ့မှာ ပြောလိုက်ပါတယ်။ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုအကြောင်း မေးမြန်းရာမှာတော့ နိုင်ငံခြားရေးဝန်ကြီး အာဒယ် အယ် ဂျူဘီယာက တဦးချင်း အရေးယူဒဏ်ခတ်မှုနဲ့ ဆော်ဒီအစိုးရကို တာဝန်ခံခိုင်းမှုဟာ ကွာခြားမှုရှိတယ်လို့ ဖြေကြားခဲ့ပါတယ်။ ခါရွှန်းဂျီ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၁၅ ရက်နေ့မှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဆော်ဒီနိုင်ငံသား ၁၇ ဦးကို အရေးယူ ဒဏ်ခတ်မယ့်အကြောင်း ကြေညာဖွယ်ရှိပါတယ်။ ဆော်ဒီအစိုးရရှေ့နေက ခါရွှန်းဂျီ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သံသယရှိသူ ၁၁ ဦးထဲက ၅ ဦးကို သေဒဏ်ပေးဖို့ ကြိုးပမ်းနေတယ်လို့ အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ ခါရွှန်းဂျီဟာ အောက်တိုဘာ ၂ ရက်နေ့က တူရကီနိုင်ငံရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း လုံးထွေးသတ်ပုတ်မှု ဖြစ်ပြီးနောက် ဆေးထိုးသတ်ခံရတယ်လို့ အဲဒီ အစိုးရရှေ့နေက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အခုချိန်ထိ ခါရွှန်းဂျီ ရုပ်အလောင်း ရှိတဲ့နေရာကို မသိရသေးဘူးလို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up