A d v e r t i s e m e n t With Us

ဗျူဟာမြောက် လက်နက်စမ်းသပ်ရာနေရာကို ကင်ဂျုံအန်း သွားရောက်စစ်ဆေး

ဓာတ်ပုံ - KCNA-Reuters
မြောက်ကိုရီးယားခေါင်းဆောင် ကင်ကျုံအန်းဟာ နိုဝင်ဘာ ၁၆ ရက်နေ့က နိုင်ငံရဲ့ ဗျူဟာမြောက် လက်နက်စမ်းသပ်ရာနေရာကို သွားရောက်စစ်ဆေးခဲ့တယ်လို့ နိုင်ငံပိုင် ကေစီအန်အေ သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလိုစစ်ဆေးရာမှာ မြောက်ကိုရီးယားခေါင်းဆောင်က ဒါဟာ မြောက်ကိုရီးယားရဲ့ ကာကွယ်ရေးစွမ်းရည် အလျင်အမြန် တိုးတက်လာမှုကို ဒေသတခုလုံးကို ပြသလိုက်တာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက အဲဒီ ဗျူဟာမြောက် လက်နက်အကြောင်း ပိုမိုလေ့လာစုံစမ်းဖို့ လိုအပ်တယ်ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ဟာ မနှစ် နိုဝင်ဘာမှာ Hwasong-15 တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်မှုကို စစ်ဆေးခဲ့ပါတယ်။ သူ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ မှတ်ချက်ပြု ပြောကြားနိုင်ခြင်း မရှိဘူးလို့ တောင်ကိုရီးယား ပေါင်းစည်းရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up