A d v e r t i s e m e n t With Us

ချဲလ်ဆီးတိုက်စစ်မှူး ဟာဇက်ကို အသင်းဖော် ဂျရူး ချီးကျူး

တိုက်စစ်မှူး ဟာဇက်ဆီကနေ ဘောလုံးလုယူဖို့ဆိုတာ အလွန်ခက်ခဲတယ်လို့ ချဲလ်ဆီးတိုက်စစ်မှူး ဂျရူးက အသင်းဖော်အချင်းချင်း ချီးကျူးလိုက်ပါတယ်။ သူ့ဘေးမှာ ကစားသမား ၃ ယောက်လောက်ကိုလည်း နေရာလွတ်ရှာတတ်ဖို့ စီမံခန့်ခွဲတတ်သူ ဖြစ်တယ်လို့ အာဆင်နယ် တိုက်စစ်မှူးဟောင်း ဂျရူးက ဆိုပါတယ်။ ဟာဇက်ဟာ မှော်ဆရာလေးတဦးဖြစ်ပြီး အထင်ကြီးလေးစားဖို့ ကောင်းတာကြောင့် ဟာဇက်နဲ့ တွဲကစားရတာဟာ သူတို့နှစ်ဦးအတွက် အပြန်အလှန် အကျိုးရှိတယ်လို့ ဂျရူးက ပြောပါတယ်။ ဆက်လက်ပြီး ဂျရူးရဲ့ အမှတ်တရတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဟာဇက်နဲ့ တွဲကစားရတာအပြင် ကမ္ဘာ့ဖလားမှာ ရွေးချယ်ခံရပြီးတော့ ဖလားရရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆုဖလားကိုင်မြှောက်ခဲ့ရတဲ့ အချိန်ဟာ အခုချိန်ထိ ပြန်လည်အသက်ဝင်နေဆဲ ဖြစ်ပေမယ့် အမြဲတမ်း ထိပ်ဆုံးက အမှတ်ရနေတဲ့ ကိစ္စကတော့ သူ့ရဲ့ရင်သွေး ၃ ဦးကို မွေးဖွားတဲ့ရက်တွေ ဖြစ်တယ်လို့ အရွှန်းဖောက် ပြောကြားသွားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up