ဗြိတိန် ဘရက်ဇစ်ဝန်ကြီး ဒိုမစ်နစ်ရပ်ဘ် ရာထူးကနုတ်ထွက်

ဗြိတိန် ဘရက်ဇစ်ဝန်ကြီး ဒိုမစ်နစ်ရပ်ဘ်ဟာ နိုဝင်ဘာ ၁၅ ရက်နေ့က ရာထူးကနေ နုတ်ထွက်သွားပါတယ်။ အတိုက်အခံတွေ၊ မဟာမိတ်တွေနဲ့ ပါတီတွင်း ပုန်ကန်သူတွေ ဝေဖန်ကြတဲ့  ဘရက်ဇစ်မူကြမ်းကို ဝန်ကြီးချုပ် ထရီဆာမေ သဘောတူခဲ့ပြီး နှစ်ရက်အကြာမှာ ဘရက်ဇစ်ဝန်ကြီး ရပ်ဘ် ရာထူးကနေ နုတ်ထွက်သွားတာပါ။ ဘရက်ဇစ်မူကြမ်းပါ စည်းကမ်းချက်တွေကို ပါတီမူဝါဒ ကြေညာစာတမ်း ကတိကဝတ်တွေနဲ့ စေ့စပ်လို့မရကြောင်း ဝန်ကြီးရပ်ဘ်ရဲ့ နုတ်ထွက်စာထဲမှာ ရေးသားခဲ့ပါတယ်။ ဝါရင့်ဝန်ကြီးတဦးဖြစ်တဲ့ ဒိုမစ်နစ်ရပ်ဘ်ရဲ့ အခုနုတ်ထွက်စာဟာ ဗြိတိန်နိုင်ငံကို နိုင်ငံရေး အကျပ်အတည်း ဆိုက်ရောက်စေပါတယ်။ ဝန်ကြီးချုပ်မေဟာ ဘရက်ဇစ်မူကြမ်း ထောက်ခံမှုရဖို့ ကြိုးပမ်းနေပြီး မေရဲ့ အတိုက်အခံတွေက ဒါဟာ မေရဲ့ ဝန်ကြီးချုပ်ရာထူးကို ထိခိုက်စေနိုင်တယ်လို့ သတိပေးထားပါတယ်။ ဒါ့အပြင် ဘရက်ဇစ်အနာဂတ်ကို မရေမရာဖြစ်စေပြီး အီးယူနဲ့ သဘောတူညီချက်မရဘဲ နောက်ထပ်တဖန် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရတာမျိုး ဖြစ်စေနိုင်တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up