Home
မြန်မာသတင်း
ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ဦးမျိုးဝင်းကို ခန့်အပ်
DVB
·
November 16, 2018
ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ဦးမျိုးဝင်းကို ခန့်အပ် တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ပါတယ်။ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေနဲ့ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ ပြဋ္ဌာန်းချက်တွေအရ တာဝန်ပေးလိုက်တာလို့ နိုဝင်ဘာ ၁၅ ရက်စွဲနဲ့  သမ္မတ ဦးဝင်းမြင့် လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြပါတယ်။ ဦးမျိုးဝင်းကို ခန့်အပ်တာဝန်ပေးဖို့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းအတည်ပြုချက် ရရှိခဲ့ပြီးနောက် ခုလို သမ္မတက  တရားဝင်ခန့်အပ်လိုက်တာဖြစ်ပါတယ်။ အသက် ၅၉နှစ်အရွယ် ဦးမျိုးဝင်းဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မိသားစုနဲ့ အတူနေထိုင်ပြီး တရားလွှတ်တော် ရှေ့နေတဦးအဖြစ် အသက်မွေးလုပ်ကိုင်နေတဲ့ ၀ါရင့်ရှေ့နေတဦးဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024