A d v e r t i s e m e n t With Us

ပုံရိပ်ယောင်နည်းပညာသုံး ကာတွန်းဇာတ်ကောင် အမျိုးသမီးနှင့် လက်ထပ်သည့် အမျိုးသား (ရုပ်သံ)

ဂျပန်အမျိုးသားတဦးဟာ ပုံရိပ်ယောင်နည်းပညာသုံး ကာတွန်းဇာတ်ကောင် အမျိုးသမီးနဲ့ လက်ထပ်ခဲ့ပါတယ်။ ခါတိုင်းမင်္ဂလာပွဲတွေနဲ့ မတူတဲ့ သတို့သား အာကီဟီကို ကွန်ဒိုနဲ့ ပုံရိပ်ယောင်ဇာတ်ကောင် ဟတ်ဆုနဲ မိကုတို့ရဲ့ မင်္ဂလာပွဲလေးက တမူထူးခြားနေပါတယ်။ ဟတ်ဆုနဲ မိကုဟာ ဂျပန်နည်းပညာကုမ္ပဏီတခုက ဖန်တီးထားတာဖြစ်ပြီး အဲဒီမင်္ဂလာပွဲကို ဧည့်ပရိသတ် ၄၀ နီးပါး တက်ရောက်ခဲ့ပါတယ်။ “ဒီကနေ့ အားလုံးရှေ့မှောက်မှာ အကျွန်ုတို့နှစ်ဦးကို အကြင်လင်မယားအဖြစ် ကြေညာအပ်ပါတယ်” လို့ အာကီဟီကို ကွန်ဒိုနဲ့ ပုံရိပ်ယောင်ဇာတ်ကောင် ဟတ်ဆုနဲ မိကုတို့က မင်္ဂလာပွဲမှာ ပြောခဲ့ပါတယ်။ သူတို့မင်္ဂလာဆောင်ပြီး တပတ်အကြာမှာတော့ အိမ်ကိုပြန်လာတဲ့ ကွန်ဒိုကို ဇနီးဖြစ်သူ ဟိုလိုဂရမ်ပုံရိပ်က ဆီးကြိုနှုတ်ဆက်ပါတယ်။ အဲဒီ မိကု ပုံရိပ်ဟာ သူ့ရဲ့ကင်မရာမှာ ထည့်သွင်းထားတဲ့ ကွန်ဒိုရဲ့မျက်နှာနဲ့ အသံကို မှတ်မိပါတယ်။ ပြီးတော့ စကားသံတွေ၊ သီချင်းတွေနဲ့ တုံ့ပြန်ပါတယ်။ “ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်ခြင်း အယူအဆဟာ လူတဦးနဲ့တဦး ကွာခြားမယ်လို့ ကျနော် ယုံကြည်တယ်။ ဆိုပါတော့ ယောကျာ်းနဲ့ မိန်းမ လက်ထပ်ပြီး ကလေးရလို့ ပျော်ရွှင်တယ်ဆိုတဲ့ ပုံစံမျိုး။ ဒါပေမယ့် အဲဒီပုံစံက လူတိုင်းကို စိတ်ချမ်းသာစေလိမ့်မယ်လို့တော့ ကျနော် မထင်ဘူး” လို့ ကွန်ဒိုက သူ့အယူအဆကို ပြောပါတယ်။ ဟတ်ဆုနဲမိကုဟာ ကျစ်ဆံမြီးနှစ်ချောင်းနဲ့ အသက် ၁၆  နှစ်အရွယ် ပေါ့ပ်စတားတဦး ဖြစ်ပါတယ်။ သူ့ကို Crypton Future Media က အသံတု ပရိုပရမ်ပေါ် အခြေခံပြီး သီချင်းဆို ဆော့ဖ်ဝဲလ် တခုအဖြစ် ဖန်တီးခဲ့တာဖြစ်ပါတယ်။ “ကျနော် ဝေဖန်ခံရပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ နွေးထွေးတဲ့ ဂုဏ်ပြုမှုနဲ့ ထောက်ခံမှုတွေကိုလည်း ရခဲ့ပါတယ်။ အဲဒီထောက်ခံမှုကြောင့် ကျနော် ဒီမင်္ဂလာပွဲကို ရှေ့တိုးလုပ်ဖြစ်တာပါ” လို့လည်း ကွန်ဒိုက ဆက်ပြောပါတယ်။ နိုဝင်ဘာ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ သူတို့မင်္ဂလာပွဲကို လူတိုင်း နားမလည်ကြဘူးလို့လည်း ကွန်ဒိုက ပြောပါတယ်။ ကွန်ဒိုနဲ့ မိဘတွေဟာ သူ့ရဲ့မင်္ဂလာပွဲကို ခွင့်ပြုခဲ့ပေမယ့် မင်္ဂလာပွဲကိုတော့ မတက်ရောက်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ကွန်ဒိုဟာ မိတ်ဆွေတွေနဲ့ တခြား မိကုပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို ရခဲ့တယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up