Home
မြန်မာသတင်း
ရန်ကုန်လေဆိပ်တွင် ၅ သန်းမြောက် ခရီးသည် ကြိုဆိုပွဲကျင်းပ
သူဇာလင်း
·
November 16, 2018
၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆိုက်ရောက်လာတဲ့ ၅ သန်းမြောက် ခရီးသည် ကြိုဆိုပွဲကို နိုဝင်ဘာ ၁၅ ရက်က ကျင်းပပါတယ်။ အယောက် ၅ သန်းမြောက် ခရီးသည်ကတော့ ဂျပန်နိုင်ငံကနေ လာရောက်တဲ့ ခရီးသည်ဖြစ်ပြီး ဂျပန်လေကြောင်းလိုင်း Air Nippon Airways (ANA) ကို စီးနင်းလာတာ ဖြစ်ပါတယ်။ ကံထူးရှင် ဂျပန်ခရီးသွားဧည်သည့်ဟာ သီလဝါစက်မှုဇုန်ကို စီးပွားရေးကိစ္စနဲ့ လာရောက်သူဖြစ်ပြီး သူ့ကို ငွေကျပ် ၁၀ သိန်းနဲ့ ၁၀ သိန်းတန်ဖိုးရှိ လက်ဆောင်ပစ္စည်းတွေ ချီးမြှင့်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ကုန်အထိ ရန်ကုန်လေဆိပ်ကို ခရီးသည်ပေါင်း ၆ သန်း ဝင်ရောက်လာဖို့ မျှော်မှန်းထားပြီး မြန်မာပြည်ကို ပြည်ပခရီးသွား တိုးမြင့်လာဖို့အတွက်လည်း ရန်ကုန်လေဆိပ်ရဲ့ ဝန်ဆောင်မှုတွေကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အစိုးရဌာနတွေနဲ့ ပူးပေါင်းပြီး လေကြောင်းလိုင်းတွေ တိုးမြှင့်ပြေးဆွဲသွားမယ်လို့ Yangon Aerodrone ကုမ္ပဏီက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024