A d v e r t i s e m e n t With Us

ဂျာမနီအသင်းတွင် သောမတ်စ်မူလာ အရေးပါသည့် ကစားသမားဖြစ်ဟု နည်းပြ ပြော

သောမတ်စ်မူလာအနေနဲ့ ခြေစွမ်းပြနိုင်ခြင်း မရှိသေးပေမယ့် လက်ရွေးစင်အသင်းအတွက် အရေးပါတဲ့ ကစားသမား ဖြစ်တယ်လို့ ဂျာမနီနည်းပြ ဂျိုအာချင်လိုးက ပြောပါတယ်။ အသက် ၂၉ နှစ်ရှိ သောမတ်စ်မူလာဟာ ဘိုင်ယန်မြုးနစ်အသင်းနဲ့ ဂျာမနီအသင်းမှာပါ ခြေစွမ်းပျောက်ဆုံးနေတာပါ။ မူလာဟာ လူငယ်တွေကို ဦးဆောင်လမ်းညွှန်နိုင်တဲ့ ကစားသမားဖြစ်သလို ပွဲကို အလှည့်အပြောင်းလုပ်နိုင်တဲ့ ကစားသမားလည်း ဖြစ်တယ်လို့ ဂျိုအာချင်လိုးက ပြောကြားခဲ့ပါတယ်။ ဂျာမနီအသင်းဟာ ရုရှားနဲ့ ခြေစမ်းကစားဖို့ရှိသလို နယ်သာလန်အသင်းနဲ့လည်း နေရှင်းလိဂ်ပြိုင်ပွဲ ကစားဖို့ ရှိနေပါတယ်။ သောမတ်စ်မူလာဟာ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ဂိုးသွင်းဘုရင်ဆု ရခဲ့သူဖြစ်ပြီး ဂျာမနီအတွက် ၉၈ ပွဲမှာ ၃၈ ဂိုး သွင်းယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up