Home
မြန်မာသတင်း
ရွှေတောင်မြို့နယ်တွင် ကောက်သစ်ပေါ်ချိန် ကောက်ညှင်းဆိုင်းပွဲတော်ကျင်းပ
မင်းညို
·
November 15, 2018
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်ထဲက ကျောက်မြင့်ကျေးရွာကလေးမှာ လွန်ခဲ့တဲ့  နှစ်၁၀၀ လောက်ကတည်းက ပြုလုပ်နေကျဖြစ်တဲ့ ကောက်ညှင်းဆိုင်းပွဲတော်ကို အစဉ်အလာ မပျက် ကျင်းပနေပါတယ်။ စပါးပေါ်ချိန်ဖြစ်တဲ့ တန်ဆောင်မုန်းလဆန်း ၆ ရက်နေ့မှာ ကျင်းပတဲ့ ဒီပွဲတော်မှာ ဒေသခံတွေက ကောက်ညှင်းဆိုင်း စထုပ်ခဲ့ပြီး  ၇ ရက်နေ့မှာ ဧည့်သည်တွေကို ဧည့်ခံကျွေးမွေးကာ ကောက်ညှင်းဆိုင်းတွေ လက်ဆောင်ပေးကြပါတယ်။ အဲဒီနေ့ ညနေ ၄ နာရီလောက်မှာ ဆွမ်းတော်ကြီးကပ်ဖို့အတွက် ဆွမ်းကပ်စရာဝတ္ထု၊ အစားအသောက်တွေနဲ့ ကျေးရွာထဲမှာ ဆိုင်ဝိုင်းတွေနဲ့လှည့်လည်ခဲ့ကြပြီး ရွာဦးကျောင်း ရွှေလရောင် ပရိယတ္တိ စာသင်တိုက်ကြီးထဲက စေတီမှာ ငါးပါးသီလခံယူ ဆွမ်းတော်ကြီး ကပ်ခဲ့ကြပါတယ်။ ကျောက်မြင့်ရွာက ကိုချက်ကြီးက “ဒီပွဲက မိဘဘိုးဘွားတွေက လုပ်လာခဲ့ကြတာ မြတ်စွာ ဘုရားနဲ့သံဃာတော်တွေကို ကောက်သစ်စပေါ်ချိန်မှာ ဦးဦးဖျားဖျားလှူချင်တာလေ အဲဒီ စိတ်ကြောင့် ဆန်ရေစပါးကလည်း အထွက်ကောင်းပြီး ဒေသထဲမှာလည်း ငြိမ်းချမ်းပြီး အားလုံး အဆင်ပြေ ကြပါတယ်”လို့ ပြောပါတယ်။ ရွှေတောင်မြို့နယ်ထဲမှာ တန်ဆောင်မုန်းလဆိုရင် ကျောက်မြင့်ကျေးရွာ၊ သီတင်းကျွတ်ဆိုရင် ကန်သုံးဆင့်နဲ့ မြို့မကျေးရွာ၊ ပြာသိုလဆိုရင် ကျီးသဲတိုက်နယ်နဲ့ ရွာသာအုပ်စု၊ ထန်းလေးပင်၊ လုံးအိုင်၊ ရွှေသာယု ဘုန်းကြီးကျောင်းတွေမှာလည်း နှစ်စဉ်ပြုလုပ်ခဲ့ကြပါတယ်။ မင်းညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024