Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အရေး ဒေါ်အောင်ဆန်းစုကြည်နှင့် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဆွေးနွေး
DVB
·
November 15, 2018
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် မဒမ်ဂျက်စင်ဒါအာရမ်တို့ စင်ကာပူနိုင်ငံမှာ နိုဝင်ဘာ ၁၄ ရက်က သီးသန့် တွေ့ဆုံ ဆွေးနွေးပါတယ်။ တွေ့ဆုံရာမှာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးကိစ္စ၊ ရခိုင်ပြည်နယ်ရဲ့ ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေ၊ ရခိုင်ပြည်နယ်အတွင်း လူမှုအသိုက်အဝန်း နှစ်ရပ်အကြား သဟဇာတ ဖြစ်ရေးအတွက် နယူးဇီလန်နိုင်ငံမှ ပေးအပ်နေတဲ့ အကူအညီတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၃၃ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ တက်ရောက်ဖို့ စင်ကာပူနိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပြီး အမေရိကန် ဒုသမ္မတ မိုက်ခ်ပန့်စ်နဲ့လည်း မနေ့က သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဓာတ်ပုံ-MOFA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024