Home
မြန်မာသတင်း
မလှိုင်မြို့နယ်တွင် ၈ တန်းကျောင်းသူကို အဓမ္မပြုကျင့်မှုဖြင့် အမျိုးသား ၁ ဦးကိုဖမ်းဆီး
DVB
·
November 14, 2018
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကန်တောင်ရွာမှာ အသက် ၁၄နှစ်အရွယ်  ၈တန်း ကျောင်းသူ တယောက်ကို အဓမ္မပြုကျင့်ခဲ့မှုနဲ့ အမျိုးသားတယောက်ကို နယ်မြေရဲစခန်းက ဖမ်းဆီး အမှုဖွင့်လိုက်ပါတယ်။ မလှိုင်မြို့နယ်၊ သရက်ကန်တောင်ရွာမှာ နိုဝင်ဘာလ ၁၃ ရက် ညနေက ကိုယ်ဝန်ဆောင် ၈ တန်း ကျောင်းသူတယောက် နေအိမ်ကုတင်ပေါ်က ပြုတ်ကျ သတိလစ်နေတာကြောင့် နှောကန်တိုက်နယ်ဆေးရုံကနေ မိတ္ထီလာဆေးရုံသို့ ပြောင်းရွေ့ ဆေးကုသမှု ခံယူခဲ့ရပါတယ်။ မိတ္ထီလာဆေးရုံမှာ ၄ ရက်ကြာ သတိလစ်နေရာက ကလေးမွေးလာတဲ့အတွက် သတိပြန်လည်လာလို့ ကလေးရဲ့ ဖခင်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ တဝိုင်းတည်းအတူနေ ဇော်ဦးဆိုသူက အဓမ္မပြုကျင့်ခဲ့ကြောင်း ပြောပြတဲ့အတွက်  အမှုဖွင့်လိုက်တာပါ။ သရက်ကန်ရွာခံတဦးက "အဓမ္မပြုကျင့်သူက ကလေးမလေးနဲ့ စပ်မယ်ဆို အမျိုးတော်တယ်။ လွန်ခဲ့တဲ့ ၇ လ လောက်က အဓမ္မပြုကျင့်တာလို့ ပြောတယ်။"လို့ ပြောပါတယ်။ မွေးဖွားလာတဲ့ကလေးငယ်ရော ကလေးရဲ့ မိခင်ပါ ကျန်းမာရေးကောင်းမွန် တယ်လို့ သိရပါတယ်။ နှောကန်နယ်မြေ ရဲစခန်းရဲအရာရှိကတော့  "ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးထားပါပြီ ကျောင်းသူရဲ့ အမေကပဲ တရားလို လုပ်ပါတယ်"လို့ ပြောပါတယ်။ နှောကန်နယ်မြေရဲစခန်းမှာ ဇော်ဦးဆိုသူအား အမှုအမှတ် (ပ)၂၃/၂၀၁၈ အဓမ္မပြုကျင့်မှု ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ ဖမ်းဆီးပြီး အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024