Thursday, June 8, 2023
HomeLead Storyကြည့်ရှုသူ ၂၃ သန်းကျော်ရှိနေသည့် Sexy ဘုရင်မ ဂျနီဖာလိုပက်ဇ် သီချင်းသစ် (ရုပ်သံ)

ကြည့်ရှုသူ ၂၃ သန်းကျော်ရှိနေသည့် Sexy ဘုရင်မ ဂျနီဖာလိုပက်ဇ် သီချင်းသစ် (ရုပ်သံ)

ဂီတလောကမှာ အဆိုရော အကပါ ပိုင်နိုင်ပြီး လက်ရှိအချိန်ထိ ပရိသတ်အားပေးမှုတွေ ရှိနေဆဲဖြစ်တဲ့ အဆိုတော် ဂျနီဖာလိုပက်ဇ်ရဲ့ သီချင်းသစ်တပုဒ် ထွက်လာပါတယ်။

ဒီသီချင်းရဲ့ အမည်ကိုတော့ စပိန်လို Te Guste လို့ ပေးထားပြီး အသက် ၂၄ နှစ်အရွယ် ပွာတိုရီကန် ရက်ပ်ဂေးအဆိုတော် Bad Bunny နဲ့ အတူတွဲဖက် သီဆိုထားတာ ဖြစ်ပါတယ်။

စပိန်လို ရာနှုန်းပြည့်နီးပါး ရေးစပ်ထားခဲ့တဲ့ ဒီသီချင်းကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က မျှဝေခဲ့ပြီး ယူကျု အင်တာနက်စာမျက်နှာပေါ်မှာတော့ တပတ်အတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂၃ သန်းကျော် ရှိနေတာပါ။

အသက် ၄၉ နှစ်အရွယ် ဂျနီဖာလိုပက်ဇ်ဟာ နာမည်ကျော် တေးသီချင်းပေါင်းများစွာကို သီဆိုခဲ့သလို လက်ရှိအချိန်ထိလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေသူ ဖြစ်ပါတယ်။

ယူကျုပေါ်မှာတော့ သူက “ကြည့်ရှုအားပေးမှုတွေအတွက် ကျေးဇူး။ အားလုံးကိုချစ်တယ်။ အားလုံးနှစ်သက်ကြမယ်ဆိုရင် ဝမ်းသာမှာပါ” လို့ ရေးသားထားခဲ့တာပါ။

Sexy ကျကျ လှုပ်ရှားသီဆိုဟန် သရုပ်ဆောင်မှုတွေနဲ့ ဒီရုပ်သံဗွီဒီယိုကို ရိုက်ကူးပေးထားခဲ့သူကတော့ မိုက်ခ်ဟိုဖြစ်ပြီး သူဟာ နာမည်ကြီးအဆိုတော် ခရစ္စဘရောင်း၊ ကစ်ဒ်အင့်ခ်တို့နဲ့ လက်တွဲအလုပ်လုပ်ခဲ့ဖူးသူတယောက် ဖြစ်ပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကမ်းခြေမှာ ဘီကီနီဝတ် အလန်းစား သရုပ်ဆောင်မှုတွေနဲ့ ဂျေလိုကို အပြင်းစား Sexy ကျတဲ့ တေးသီချင်းစာသားတွေနဲ့အတူ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular