A d v e r t i s e m e n t With Us

မှော်ဆန်ဆန်ရိုက်ချက်များနဲ့ ရှုစားရမယ့် Fantastic Beasts: The Crimes of Grindelwald ရုပ်ရှင် (နမူနာ)

မှော်ဆန်ဆန်ရိုက်ချက်တွေ၊ ပြကွင်းပြကွက်တွေနဲ့ ရှုစားကြရမယ့် Fantastic Beasts: The Crimes of Grindelwald ရုပ်ရှင်ကားကို လာမယ့် နိုဝင်ဘာ ၁၆ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နာမည်ကြီး စာရေးဆရာမ J.K. Rowling ရဲ့ ဝတ္ထုကို ဗြိတိန်ဒါရိုက်တာ David Yates က ရိုက်ကူးပုံဖော်ပေးထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ Warner Bros. ကနေ တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဒီကားဟာ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Fantastic Beasts and Where to Find Them ရုပ်ရှင်ရဲ့ နောက်ဆက်တွဲအဖြစ် ထပ်ပြီး ထွက်လာခဲ့တာပါ။ ဒီ Fantastic Beasts ရုပ်ရှင်တွေဟာ ဇာတ်လမ်းသဘောအရ ဟယ်ရီပေါ်တာမတိုင်ခင် နှစ်ပေါင်း ၇၀ လောက်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ပုံဖော်တင်ဆက်ထားတာပါ။ ပထမကားထဲမှာတော့ မှော်ဆရာလေး Newt Scamander ရဲ့ အကူအညီနဲ့ အမေရိကန် မှော်ပညာဆိုင်ရာအဖွဲ့ဟာ မကောင်းတဲ့ မှော်ဆရာ Grindelwald ကို ဖမ်းမိခဲ့ပြီး အခုကားထဲမှာတော့ သူဟာ ပြန်လွတ်မြောက်သွားခဲ့ချိန်မှာ ဘာတွေဖြစ်လာမလဲ။ သူ့ရဲ့နောက်လိုက် အပေါင်းအပါတွေနဲ့ ပူးပေါင်းပြီး မှော်ပညာမတတ်တဲ့ သူတွေကို အုပ်စိုးဖို့ ကြိုးစားလာချိန်မှာ ဘယ်လိုတားဆီးကြမလဲ ဆိုတာတွေကို ပရိသတ်တွေက စွန့်စားမှုအသားပေး သရုပ်ဆောင်မှု ပြကွင်းပြကွက်တွေနဲ့ ရှုစားကြရတော့မှာပါ။ ဒီကားထဲမှာတော့ ဟောလိဝုဒ်သရုပ်ဆောင် မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Eddie Redmayne, Katherine Waterston, Jude Law တို့နဲ့အတူ နာမည်ကြီး သရုပ်ဆောင်မင်းသားတယောက်ဖြစ်တဲ့ Johnny Depp ကလည်း ပါဝင်အားဖြည့် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလေ့ခ်တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၃၄ မိနစ်ရှိတဲ့ Fantastic Beasts: The Crimes of Grindelwald ရုပ်ရှင်ကားဟာ IMDb မှာလည်း Rating 8.6 အထိ ရရှိထားတဲ့ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up