တိုက်စစ်မှူး ဆန်းချက်ဇ် မန်ယူတွင် အထီးကျန်နေဟု ပြော

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဆန်းချက်ဇ်ဟာ အထီးကျန်နေပြီး အသင်းသားတွေနဲ့ သီးခြား တယောက်တည်းလို ဖြစ်နေတယ်လို့ ရင်ဖွင့်ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် သူနဲ့စကားပြောတဲ့ အသင်းသား ၃ ယောက်ပဲရှိပြီး မာတာ၊ ဒီဂီယာနဲ့ လူကာကူတို့ပဲဖြစ်ကြောင်း ပြောပါတယ်။ ဆန်းချက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ တပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ထိ ရရှိနေပြီး လုပ်ခလစာအများဆုံး ရနေတာကြောင့် တခြားအသင်းသားတွေအနေနဲ့ ကျေနပ်မှုမရှိ ဖြစ်နေတာပါ။ ကနဦးသတင်းတွေအရ ကစားသမားတချို့ လစာတိုးတောင်းရာမှာ ဆန်းချက်ဇ်ရဲ့ လုပ်ခလစာနဲ့ နှိုင်းယှဉ်ပြီး တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆန်းချက်ဇ်ရဲ့ အင်္ဂလိပ်စကား ပြောဆိုရာမှာ အားနည်းတာကြောင့် အခုလိုပြဿနာတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ဆန်းချက်ဇ်ဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာတော့ အသင်းပြောင်းရွှေ့ဖို့ မျှော်လင့်နေပြီး ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။ ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီကမှ မစ်ခီတာယန်းနဲ့ အလဲအလှယ်ပြုလုပ်ပြီး အာဆင်နယ်အသင်းကနေ ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up