ဟောလိဝုဒ် သိပ္ပံဆန်းကျယ် အချစ်ဒရာမာ ရုပ်ရှင်ပရိသတ်အကြိုက် ရုပ်ရှင် – Jonathan (နမူနာ)

ဟောလိဝုဒ် သိပ္ပံဆန်းကျယ် အချစ်ဒရာမာ ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Jonathan ရုပ်ရှင်ကားကို လာမယ့် နိုဝင်ဘာ ၁၆ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Bill Oliver က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တခုတည်းမှာ မတူကွဲပြားတဲ့ စိတ်နဲ့ စရိုက်၊ ဗီဇတွေနဲ့ ထူးထူးဆန်းဆန်း အတူရှိနေခဲ့ကြတဲ့ Jonathan နဲ့ Jon ၊ Jonathan က အောင်မြင်တဲ့ လူငယ်ဗိသုကာ အင်ဂျင်နီယာတယောက်ဖြစ်ပြီး Jon ကတော့ အပျော်အပါးနဲ့ ပွဲလမ်းသဘင်တွေကို သဘောကျတဲ့သူ။ တနေကုန် Jonathan အဖြစ် ရှိနေခဲ့ပြီး အိမ်ပြန်ရောက်ပြီး အိပ်ပျော်သွားတဲ့ ညဘက်မှာတော့ Jon အဖြစ် ရှိနေခဲ့တဲ့ သူတို့ ၂ ယောက်ရဲ့ ဘဝမှာ ချစ်သူရည်းစားမထားဖို့ သဘောတူညီထားခဲ့တယ်။ ဒါပေမယ့် Jon က မိန်းကလေးတယောက်နဲ့ ပတ်သက်မိခဲ့ချိန်မှာတော့ ဒီဇာတ်လမ်းဟာ ဘာတွေဆက်ဖြစ်လာမလဲ။ ဘယ်လိုတွေ ရင်ဆိုင်ကြရမလဲ ဆိုတာတွေကို ပရိသတ်တွေ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ စရိုက် ၂ မျိုးနဲ့ အဓိကဇာတ်ကောင် Jonathan နေရာမှာတော့ အမေရိကန် သရုပ်ဆောင်မင်းသား Ansel Elgort က ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ သရုပ်ဆောင် မင်းသမီးတွေ ဖြစ်ကြတဲ့ Suki Waterhouse, Patricia Clarkson တို့ကလည်း တွဲဖက်ပါဝင်ထားကြတာပါ။ ဒီရုပ်ရှင်ကားကို အခုနှစ်အစောပိုင်း ဧပြီလက Tribeca Film Festival မှာ ကနဦးပြသခဲ့ပြီး ဆန်းပြားတဲ့ ဇာတ်ကောင်စရိုက်နဲ့ အမေရိကန် သရုပ်ဆောင်မင်းသား Ansel Elgort ရဲ့ သရုပ်ဆောင်မှုအပေါ် အားပေးချီးကျူးမှုတွေလည်း ရရှိထားတဲ့ ဇာတ်ကားတကားပါ။ ကြာမြင့်ချိန် ၉၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာလည်း Rating 6.9 အထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up