A d v e r t i s e m e n t With Us

လောင်းကစားမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရသည့် စတာရစ်ခ်ျ တသက်တာ ပွဲပယ်ခံရဖွယ်ရှိ

လီဗာပူးတိုက်စစ်မှူး စတာရစ်ခ်ျဟာ လောင်းကစားမှုမှာ ပါဝင်တယ်လို့ စွပ်စွဲခံထားရပြီး တသက်တာပွဲပယ်အထိ ချခံရဖို့ ရှိနေပါတယ်။ အင်္ဂလန်အက်ဖ်အေအနေနဲ့ စတာရစ်ခ်ျရဲ့ လောင်းကစားကိစ္စနဲ့ ပတ်သက်ပြီး ၈ လကြာ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် အခုလို သတိပေးစာ ပို့လိုက်တာဖြစ်ပါတယ်။ စတာရစ်ခ်ျအနေနဲ့ နိုဝင်ဘာ ၂၀ ရက်ထက် နောက်မကျဘဲ အက်ဖ်အေကို လျှောက်လဲချက်ပေးရမှာ ဖြစ်ပါတယ်။ စတာရစ်ခ်ျအနေနဲ့ ပြီးခဲ့တဲ့နှစ်က ဝက်စ်ဘရွန်းအသင်းမှာ အငှားသွားရောက်ကစားခဲ့စဉ်က လောင်းကစားမှု ပြုလုပ်ခဲ့တာလို့ ယူဆရပြီး အက်ဖ်အေက အပြီးသတ် စစ်ဆေးမှုတွေ ထပ်လုပ်မှာ ဖြစ်ပါတယ်။ အက်ဖ်အေဟာ အင်္ဂလန်ကစားသမား ဂျိုယေးဘာတန်ကို လောင်ကစားပြုလုပ်မှုနဲ့ ၁၈ လ ပွဲပယ်ပြစ်ဒဏ် ချမှတ်ဖူးပါတယ်။ စတာရစ်ခ်ျအနေနဲ့ လီဗာပူးအသင်းနဲ့လည်း စာချုပ်သက်တမ်း နောက်ဆုံးနှစ် ရောက်ရှိနေတာကြောင့် စွပ်စွဲမှုက ပြစ်မှုထင်ရှားမယ်ဆိုရင် တသက်တာပွဲပယ်အထိ ချမှတ်ခံရဖို့ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up