တိုက်စစ်မှူး ဝဲလ်ဘက်၏ ခြေချင်းဝတ်ရိုးကျိုးဒဏ်ရာ ဒုတိယအကြိမ် ခွဲစိတ်

2.3K
အာဆင်နယ်တိုက်စစ်မှူး ဝဲလ်ဘက်ရဲ့ ခြေချင်းဝတ်ရိုးကျိုးတဲ့ ဒဏ်ရာကို တနင်္လာနေ့က ဒုတိယအကြိမ် ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။
ဝဲလ်ဘက်ဟာ စပို့တင်းလစ္စဘွန်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ခြေချင်းဝတ်ရိုး ကျိုးခဲ့တာပါ။
ဒုတိယအကြိမ် ခွဲစိတ်မှုခံယူခဲ့တာဟာ အရိုးဆက်ဖို့အတွက်ဖြစ်ပြီး ကာလကြာရှည် အနားယူရတော့မှာလည်း ဖြစ်ပါတယ်။
ဝဲလ်ဘက်ဟာ အခုနှစ်ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တာကြောင့် အာဆင်နယ်အတွက် ဆက်ကစားခွင့်ရဖို့ မရှိတော့ဘဲ စပို့တင်းလစ္စဘွန်းနဲ့ပွဲစဉ်ဟာ သူ့ရဲ့ အာဆင်နယ်ကစားသမားဘဝ နောက်ဆုံးပွဲစဉ်ဖြစ်လာဖို့ ရှိနေပါတယ်။
ဝဲလ်ဘက်ရဲ့ ဒဏ်ရာအခြေအနေ အသေးစိတ်နဲ့ ပတ်သက်ပြီး အသင်းက သတင်းထုတ်ပြန်ပေးဖို့ ရှိပါတယ်။