အမေရိကန်တွင် တောမီးကြောင့် သေဆုံးသူ ၄၂ ဦး ရှိပြီ

1.1K
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်း ပါရာဒိုက်စ်မြို့မှာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် သေဆုံးသူ ၄၂ ဦးရှိပြီး ပြည်နယ်သမိုင်းမှာ အသေအပျောက် အများဆုံး တောမီးဖြစ်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
ကမ့်ဖိုင်းယား တောမီးကနေ ရုပ်အလောင်း ၁၃ လောင်း တွေ့ရှိပြီးနောက် နောက်ဆုံးရ စုစုပေါင်း သေဆုံးသူစာရင်းကို ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
ကမ့်ဖိုင်းယား တောမီးကြောင့် နေအိမ်နဲ့ တခြားအဆောက်အဦ ၇၁,၀၀ ကျော် ပျက်စီးပြီး ပြည်နယ်သမိုင်းမှာ အပျက်အစီးအများဆုံး တောမီးအဖြစ် သတ်မှတ်ခံရပါတယ်။
အဲဒီတောမီးဟာ နိုဝင်ဘာ ၈ ရက်နေ့က စတင်လောင်ကျွမ်းခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။