Home
မြန်မာသတင်း
အလဲဗင်းမီဒီယာအမှုကိစ္စ ညှိနှိုင်းပေးရန် မီဒီယာကောင်စီ ဖိတ်ခေါ်
ကျော်ဇေယျာဝင်း
·
November 13, 2018
ရန်ကုန်တိုင်းအစိုးရနဲ့ အလဲဗင်းမီဒီယာအမှုကိစ္စ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြားဝင်ညှိနှိုင်းပေးဖို့ အလဲဗင်းမီဒီယာ တာဝန်ရှိသူတွေကို ဒီကနေ့မနက် ခေါ်ဆိုထားတယ်လို့ ကောင်စီရဲ့ တွဲဖက်အတွင်းရေးမှူး (၁)  ဦးမြင့်ကျော်က ပြောပါတယ်။ အလဲဗင်းမီဒီယာရဲ့ သတင်းသမား ၃ ဦးကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆိုခဲ့ပေမယ့် စနစ်တကျ ဥပဒေနဲ့အညီ ဆောက်ရွက်သွားဖို့နဲ့ သတင်းမီဒီယာကောင်စီက ညှိနှိုင်းပေးဖို့ နိုင်ငံတော်သမ္မတက လမ်းညွှန်ခဲ့ပြီးနောက်မှာ တရားလိုက အမှုကို ပြန်ရုပ်သိမ်းပေးခဲ့ပါတယ်။ ဆောင်းပါးပါအချက်တွေဟာ မှားယွင်းနေတဲ့အတွက် အလဲဗင်းမီဒီယာအနေနဲ့ ပြန်လည်တောင်းပန်ပေးဖို့ ရန်ကုန်တိုင်းအစိုးရက တောင်းဆိုထားပြီး တောင်းပန်ပါက အမှုပြီးစီးသွားမှာဖြစ်ပြီး လိုက်နာကျင့်သုံးမှုမရှိဘဲ စာနယ်ဇင်းကောင်စီက ကြားဝင်ညှိနှိုင်းရာမှာ မအောင်မြင်ရင်တော့ ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်မယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အောက်တိုဘာ ၈ ရက်မှာ ပြောထားပါတယ်။ ဒါပေမယ့် အလဲဗင်းမီဒီယာဘက်ကတော့ သူတို့ဂျာနယ်မှာ ဖော်ပြတဲ့ ဆောင်းပါးပါ အချက်အလက်တွေဟာ မှန်ကန်တဲ့ သတင်းရင်းမြစ်ရဲ့ဖော်ပြချက်တွေ ဖြစ်တဲ့အတွက် တောင်းပန်မှာမဟုတ်ဘူးလို့ ပြောထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024