ကရင် လုံချည်၊ အင်္ကျီ၊ စောင် တသီတတန်းကြီးဖြင့် တမူထူးသည့် မီးပုံးပျံ (ရုပ်သံ)
နော်နိုရင်း
·
November 12, 2018
မီးပုံးပျံတွေမှာ အထိမ်းအမှတ်အလံ၊ အရုပ်သင်္ကေတပုံတွေ စသဖြင့် အမျိုးမျိုး ရေးဆွဲပြီး လွှတ်တင်ကြလေ့ရှိကြပါတယ်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်က အောင်မြေသာယာ ပရိယတ္တိ စာသင်တိုက်တခုမှာ ဒီနေ့ပြုလုပ်တဲ့ မဟာဘုံကထိန် မီးပုံးပျံလွှတ်ပွဲမှာတော့ ဧရာမ မီးပုံးကြီးအောက်ကနေ ရာနဲ့ချီတဲ့ ကရင်လုံချည်၊ အင်္ကျီ နဲ့ စောင်တွေကို ကြိုးနဲ့ တသီတတန်းတွဲပြီး လွှတ်တင်ခဲ့ကြပါတယ်။
အဆိုပါ မီးပုံးပျံ လွှတ်တင်ပွဲမှာ လူရာချီ တက်ရောက်ခဲ့သလိုပဲ တခြားမီးပုံးပျံတွေလည်း လွှတ်ခဲ့ကြပါတယ်။
ရုပ်သံ-မခင်နွယ်