ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
November 12, 2018
မတ်ပဲ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ မတ်ပဲက တအိတ်ကို ၈၀၀၀၀ ကနေ ၈၅၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။ မကွေးကုန်စည်ဒိုင်မှာတော့ မတ်ပဲက တအိတ်ကို ၈၄၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၉၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် တအိတ်ကို ၁၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ပဲစင်းငုံနီ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲစင်းငုံနီ (အဟောင်း) က တအိတ်ကို ၆၅၀၀၀ ကနေ ၆၈၀၀၀ ပေါက်ဈေးရှိပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၆၇၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၈၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် တအိတ်ကို ၅၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ကုလားပဲ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲက ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၇၅၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၃၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၆၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁၅၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
နှမ်းနက် (စမုံ)
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက် (စမုံ) က ၄၅ ပိဿာဝင် တအိတ်ကို ၂၄၀၀၀၀ ကနေ ၂၇၀၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၂၄၈၀၀၀ ကနေ ၂၅၄၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၇၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် တအိတ်ကို ၁၆၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
နှမ်းညို
မကွေးကုန်စည်ဒိုင်မှာ နှမ်းညိုက တအိတ်ကို ၁၇၃၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၇၀၁၀၀ ပေါက်ဈေးရှိပြီး မကွေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၂၉၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ကြက်သွန်နီ
ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီက တပိဿာကို ၈၀၀ ကနေ ၉၅၀ ပေါက်ဈေးရှိပြီး တပိဿာကို ၅၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၈၀၀ ကနေ ၁၀၀၀ ရှိပြီး တပိဿာကို ၅၀ ကျပ် တက်လာပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၅၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
သတင်း – AMIA