လက်ဘနွန် ဘေရွတ်မာရသွန်ပွဲ အပြေးသမား ၅ သောင်းခန့် ဆင်နွှဲ

ဓာတ်ပုံ - Beirut Marathon Twitter
1.6K
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ နိုဝင်ဘာ ၁၁ ရက်က ကျင်းပတဲ့ ၁၆ ကြိမ်မြောက် ဘေရွတ် မာရသွန်ပွဲကို ကမ္ဘာတဝှမ်းက အပြေးသမား ၄၈၈၀၀ ပါဝင်ဆင်နွှဲပြီး အပြေးသမား ၁၂၀၀ က ၄၂ ကီလိုမီတာ မာရသွန်ပွဲကို ပန်းဝင်ခဲ့ပါတယ်။
တခြားအပြေးသမားတွေကတော့ ၂၁ ကီလိုမီတာ မာရသွန်ဝက် ပြေးပွဲ၊ ၈ ကီလို၊ ၅ ကီလိုနဲ့ ၁ ကီလို ပြေးပွဲတွေမှာ ပါဝင်ဆင်နွှဲပါတယ်။
ငြိမ်းချမ်းရေး၊ ချစ်ခြင်းမေတ္တာနဲ့ ပြေးလွှားခြင်းလို့ အမည်တပ်ထားတဲ့ ဒီပြေးပွဲဟာ ပြေးရင်းကနေ ကျန်းမာရေးနဲ့ ငြိမ်းချမ်းရေးကို ထောက်ကူအားပေးဖို့ မျှော်လင့်ထားပါတယ်။
"ဘေရွတ်မြို့မှာ တခါတလေ အခက်အခဲတချို့ရှိတယ်။ ဒီပွဲက ဘေရွတ်ကလူတွေကို ညီညွတ်စေတဲ့ပွဲ ဖြစ်ကောင်းဖြစ်မယ်" လို့ အပြေးသမားတယောက်က ပြောပါတယ်။
နိုင်ငံတွင်း တည်ငြိမ်ရေးနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် လက်ဘနွန်ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ထမ်းဆောင်ရင်း ဘေရွတ် မာရသွန်ကို ကျင်းပလာတာ ၂၀၀၃ ခုနှစ်ကတည်းက ဖြစ်ပါတယ်။